အနုပညာလောကကို စတင်ဝင်ရောက်နေတဲ့ အနုပညာရှင် တက်သစ်စတွေထဲမှာ ချစ်စရာကောင်းတဲ့ ယမင်းမေဦး တစ်ယောက်လည်း ပါဝင်ပါတယ်။ ရွှေနန်းတော်ရဲ့ အလှမယ်ရွေးချယ်ပွဲတစ်ခုမှာ အသားဖြူဖြူဖွေးဖွေးလေးနဲ့ ချစ်စရာကောင်းတဲ့ ရုပ်ရည်လေးကြောင့် ပရိသတ်တွေက သူမကိုစတင်သတိထားမိခဲ့ပြီး လက်ရှိမှာတော့ ခေါင်းဆောင် မင်းသမီးအနေနဲ့ ဗီဒီယိုကားတွေ ရိုက်ကူး ထွက်ရှိထားပြီဖြစ်ပါတယ်။ 

အသက် (၁၉) နှစ်သာ ရှိသေးတဲ့ သူမဟာ သူမကို အားပေးချစ်ခင်တဲ့ ပရိသတ်တွေနဲ့လည်း ရင်းရင်းနှီးနှီးနေလေ့ ရှိသူဖြစ်ပါတယ်။ သူမရဲ့ အနုပညာ လှုပ်ရှားမှုတွေနဲ့ ဓာတ်ပုံလေးတွေကိုလည်း သူမရဲ့ လူမှုစာမျက်နှာကတဆင့် ပရိသတ်တွေဆီ မျှဝေလေ့ရှိပါတယ်။ မကြာခဏဆိုသလိုလည်း သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအယာနဲ့ ဓာတ်ပုံလေးတွေဟာ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးလေ့ရှိပါတယ်။ 

ဗီဒီယိုဇာတ်ကား သုံးကားရိုက်ကူးထွက်ရှိထားပြီး နောက်ဆုံး ဇာတ်ကားကတော့ မင်းသား ကောင်းပြည့်နဲ့ ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားအမည်ကတော့ "သည်းခြေကြိုက်" လို့ သိရပါတယ်။ လက်ရှိမှာတော့ ဒါရိုက်တာ သားညီရိုက်ကူးတဲ့ "မိုးတိမ် ကမ်းခြေ အဝေးကလှေ" ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးလို့နေပါတယ် ပရိသတ်ကြီးရေ။ ပရိသတ်ကြီးအတွက် သူမရဲ့ ဓာတ်ပုံလှလှလေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်နော်.......

Photo Source: Yamin May Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။