ခံပြင်းမှုတွေနဲ့ဒေ့ဗ်ကိုစိန်ခေါ်တော့မယ့်ထွန်းထွန်းမင်း


ဒူးဒဏ်ရာကြောင့်အနားယူနေရတဲ့ထွန်းထွန်းမင်းဟာ

လက်ဝှေ ့ကြိုးဝိုင်းတွေထဲကိုတကျော့ပြန်လာတော့မှာပါ။

WLCပွဲမှာနစ်ကိုလပ်ကာတာနဲ့ထိုးပြီးလက်ဝှေ့

ကြိုးဝိုင်းနဲ့သူဝေးကွာနေခဲ့တာကြာပါပြီ။

ပြီးခဲ့တဲ့WLCမှာထွန်းထွန်းမင်းပြန်ထိုးဖို့ကြိုးစားခဲ့ပေမယ့်

ဆရာဝန်ရဲ့ခွင့်ပြုချက်မရရှိခဲ့တာကြောင့်သူမထိုးခဲ့ရပါဘူး။



အခုတော့ဆရာဝန်ဆီကခွင့်ပြုချက်ရရှိထားပြီလို့ဆိုပါတယ်။

ထွန်းထွန်းမင်းလက်ဝှေ ့လောကထဲပြန်ရောက်ပြီဆိုတာနဲ့

သူပထမဆုံးလုပ်မယ့်အလုပ်ကဒေဝကိုစိန်ခေါ်မှာပါ။

ဒေဝဟာထွန်းထွန်းမင်းကိုနိုင်ပြီးချန်ပီယံခါးပတ်ကိုယူထား

နိုင်ခဲ့သူပါ။ဒါပေမယ့်ထွန်းထွန်းမင်းအနေနဲ့ဒေဝကိုချက်ချင်း

ကြီးစိန်ခေါ်တာမျိုးတော့လုပ်မှာမဟုတ်ပါဘူး။သူ့အနေနဲ့

ပွဲဝေးနေတာကြာလို့ပေါ့ပေါ့ပါးပါးပွဲလေးတွေတော့အရင်

ထိုးသတ်ဦးမှာပါတဲ့။



နိုင်ငံခြားသားလက်ဝှေ့သမားတစ်ယောက်ရဲ့

လက်ထဲမှာချန်ပီယံခါးပတ်ရှိနေတာကတော်တော်ကိုရုပ်ဆိုး

တဲ့ဖြစ်ရပ်ပါ။အဆိုပါခါးပတ်ကိုပြန်လုခွင့်ရှိနေသူသုံးဦး

ရှိပါတယ်။သူတို့ကတော့စောငမန်း၊တူးတူးနဲ့ထွန်းထွန်းမင်းပါ။

သုံးယောက်လုံးလည်းဒေဝကိုစိန်ခေါ်ထားကြပါတယ်။

ထွန်းထွန်းမင်းကတော့ခံပြင်းရဆုံးစိန်ခေါ်သူပေါ့။

ထွန်းထွန်းမင်းဒီတစ်ခါမှာရောဒေဝကိုအနိုင်ယူနိုင်မလား

ဆိုတာကိုတော့...

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။