ခက်ခဲကြမ်းတမ်းလွန်းလှတဲ့ရှမ်းအသင်းရဲ့အာရှချန်ပီယံလိဂ်ခရီး


နောက်နှစ်ဘောလုံးရာသီရဲ့အာရှအဆင့်ကလပ်ပြိုင်ပွဲတွေ

ပါဝင်ယှဉ်ပြိုင်ဖို့ရွေးချယ်ခံထားရတဲ့မြန်မာပြည်ကိုယ်စားပြု

ကလပ်အသင်းနှစ်သင်းကရှမ်းယူနိုက်တက်နဲ့ရန်ကုန်ယူနိုက်တက်ပါ။ရှမ်းယူနိုက်တက်ရောရန်ကုန်ယူနိုက်တက်ပါ

အာရှချန်ပီယံလိဂ်နဲ့AFC Cupတွေမှာခြေစစ်ပွဲအဆင့်

ကနေကစားသွားရမှာပါ။အခုထိတော့မြန်မာအသင်း

တစ်သင်းမှအာရှချန်ပီယံလိဂ်အုပ်စုအဆင့်အထိဘယ်

အသင်းမှမရောက်ဖူးပါဘူး။


နောက်နှစ်ရှမ်းအသင်းသွားရမယ့်ခရီးကြမ်းကြီး

ကလည်းရှည်လျားလွန်းလှပါတယ်။ပထမဆင့်ခြေစစ်ပွဲမှာ

အင်ဒိုနီးရှားကလပ်ဘာလီယူနိုက်၊စင်ကာပူကလပ်

တမ်ပိုင်းရိုဗာ၊ဖိလစ်ပိုင်ကလပ်အသင်းတစ်သင်းတို့နဲ့

ရှမ်းတွေ့ဖို့များပါတယ်။အဲ့ဒီထဲမှာအင်အားအကြီး

ဆုံးကအင်ဒိုတိုက်စစ်မှူးအီဖရန်ဘာချာဒင်ကစား

နေတဲ့ဘာလီပါ။သူတို့အသင်းနဲ့တွေ့ရင်တော့ရှမ်း

မချောင်ပါဘူး။



အဲ့ဒီအဆင့်ကိုကျော်ဖြတ်နိုင်ခဲ့ရင်ထိုင်းကလပ်တွေဖြစ်တဲ

ဘန်ကောက်ယူနိုက်တက်နဲ့ချင်းရိုင်းယူနိုက်တက်စတဲ့အသင်း

တွေထဲကတစ်သင်းနဲ့ရင်ဆိုင်ရဖို့ရှိပါတယ်။ထိုင်းကလပ်

တွေဟာခြေစွမ်းကောင်းမွန်တာမို့သူတို့နဲ့ရင်ဆိုင်ရမှာ

တကယ်မလွယ်ပါဘူး။ထိုင်းကလပ်တွေကိုဖြတ်ကျော်နိုင်

ပြီဆိုမှPlay -Offအဆင့်ကိုရောက်မှာဖြစ်ပြီးတရုတ်ထိပ်သီး

ကလပ်တွေဖြစ်တဲ့ရှန်ဟိုင်းSIPG နဲ့တန်ကျင်းကွမ်းနင်းစတဲ့

အသင်းတွေနဲ့ခြေစစ်ပွဲကစားရဖို့ရှိပါတယ်။အာရှချန်ပီယံလိဂ်

အုပ်စုအဆင့်ကနေစကစားဖို့ဆိုတာရှမ်းအတွက်တော်တော်

မလွယ်တဲ့အရာလို့ပဲဆိုပရစေ။


Source -AFC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။