အနုပညာလောကရဲ့ အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်း မင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်အားပေးမှုကိုလည်းရရှိထားတဲ့သူကတော့ မိုးဟေကို ဖြစ်ပါတယ်။ အနုပညာရေးမှာသာမက စီးပွားရေးဖက်မှာလည်း ထူးချွန်ပြီး မိခင်ကို လုပ်ကျွေးပြုစုနေတဲ့ သမီးတစ်ဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။ မိုးဟေကိုဟာ ရုပ်ရှင်လက်ခံ ရိုက်ကူးမှုနည်းပါးပေမယ့် အနုပညာကြေးအမြင့်ဆုံး မင်းသမီးတွေထဲမှာ ပါဝင်လို့နေပါတယ်။

သူမဟာ facebook သုံးစွဲခြင်းမရှိတဲ့ အနုပညာရှင်တွေထဲက တစ်ဦးဖြစ်ပြီး ပရိသတ်တွေနဲ့လအထိအတွေ့ရှိစေရန်အတွက် Instagram ကို သုံးစွဲကြောင်း သိရပါတယ်။ မိုးဟေကိုဟာ သူမရဲ့ ဓာတ်ပုံတွေကို IG မှာသာ တင်လေ့ရှိပြီး follower 178k အထိ ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ များပြားလှတဲ့ follower တွေရှိထားတဲ့သူမ follow လုပ်ထားသူကတော့ တစ်ဦးတည်းသာ ရှိပါတယ် ပရိသတ်ကြီးရေ။

မိုးဟေကို IG မှာ follow လုပ်ထားတဲ့ တစ်ဦးတည်းသောသူကတော့ ပရိသတ်တွေရဲ့ အချစ်တော် ထိပ်တန်းမင်းသမီး အကယ်ဒမီ အိန္ဒြာကျော်ဇင် ဖြစ်ပါတယ်။ အူဝဲဟာ အနုပညာလောကမှာတော့ မိုးဟေကိုထက် စီနီယာကျသူတစ်ဦးဖြစ်ပြီး ယနေ့အချိန်ထိ အလှအပ အောင်မြင်မှုနဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားဆဲ မင်းသမီးတစ်လက်ဖြစ်ပါတယ် ပရိသတ်ကြီးရေ.....

Source: Moe Hay Ko's I

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။