MRTV-4 ရုပ်သံဇာတ်လမ်းတွဲလေးဖြစ်တဲ့ ပဉ္စလက်ရွှာဇာတ်ကားလေးနဲ့ပရိသတ်ချစ်ခင်အားပေးမှုရရှိခဲ့တဲ့သူမကတော့ပရိသတ်တွေသိကြတဲ့ရေဝတီ(ခေါ်)နန်းစန္ဒာလှထွန်းပဲဖြစ်ပါတယ်။

ရေဝတီဆိုတဲ့ဇာတ်ကောင်လေးနဲ့ပရိသတ်တွေရင်ကိုထိုးဖောက်လာခဲ့တာဖြစ်ပြီးအနုပညာလုပ်ငန်းတွေဆက်လက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ပဉ္စလက်ရွာဇာတ်ကားထဲမှာတော့ချစ်စရာကောင်းတဲ့ဆံရစ်ဝိုင်းဆံပင်ပုံစံလေးနဲ့ကျေးတောသူမလေးတစ်ယောက်အဖြစ်သဘာဝကျတဲ့သရုပ်ဆောင်ချက်တွေကြောင့်ပရိသတ်တွေရဲ့အထူးနှစ်ခြိုက်အားပေးခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။

မကြာခင်မှာပရိသတ်တွေရင်ထဲထပ်မံထိုးဖောက်တော့မယ့်သူမရဲ့အနုပညာခြေလှမ်းအသစ်ဟာလဲအရမ်းကိုစိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။

ဒီတစ်ခေါက်မှာတော့ဆံရစ်ဝိုင်းဆံပင်လေးနဲ့ကျေးတောသူမလေးရေဝတီကနေချစ်စရာသူနာပြုဆရာမလေးအဖြစ်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

နောက်ထပ်ရိုက်ကူးနေတဲ့"အရိပ်"ဆိုတဲ့ရုပ်သံဇာတ်လမ်းတွဲလေးထဲမှချစ်စရာသူနာပြုဆရာမလေးဇာတ်ကောင်လေးပဲဖြစ်ပါတယ်။

တည်ငြိမ်ရင့်ကျက်တဲ့ပုံစံလေးနဲ့သူနာပြုဆရာမလေးဇာတ်ကောင်ဟာအရမ်းကိုလိုက်ဖက်နေတာပဲဖြစ်ပါတယ်။သူမရဲ့လူမှုကွန်ယက်မှာလဲအနုပညာလုပ်ငန်းမှုလေးတွေကိုပရိသတ်နဲ့အဆက်သွယ်မပြတ်မျှဝေပေးနေတာပဲဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့သူနာပြုဆရာမလေးဇာတ်ကောင်နဲ့သူမရဲ့သဘာဝကျကျသရုပ်ဆောင်ချက်လေးတွေကိုပရိသတ်တွေကြည့်ရှု့ခံစားချင်နေကြမယ်လို့မျှော်လင့်ပါတယ်။

သူမရဲ့လူမှုကွန်ယက်မှာလဲ'On Scene _ ခါးကတိုလို့ဗိုက်နည်းနည်းပေါ်နေတာလေးတော့ခွင့်လွှတ်နော်လည်ပင်းနားလေးကိုလည်းသေချာ zoomဆွဲကြည့်လို့ရပါတယ်လက်တော့နည်းနည်းရှည်သွားတယ် ... ဓာတ်ပုံရိုက်ရင် ယူထားတဲ့angleနဲ့positionကြောင့်ပုတိုတိုတွေရှည်ရှည်တွေဖြစ်သွားတတ်တာတော့ရှိတယ်ရှင့်"ဆိုတဲ့စာလေးနဲ့အတူရိုက်ကွင်းပေါ်ကချစ်စရာကောင်းတဲ့သူနာပြုဆရာမလေးတစ်ယောက်ရဲ့ပုံရိပ်လေးတွေကိုမျှဝေထားတာပဲဖြစ်ပါတယ်။

အေးချမ်းတည်ငြိမ်လှတဲ့သူမရဲ့ပုံရိပ်လေးတွေကြောင့်ပရိသတ်တွေအချစ်ပိုစေခဲ့ရတာပဲဖြစ်ပါတယ်။

ပရိသတ်တွေHeartထိစေမယ့်သရုပ်ဆောင်ချက်တွေနဲ့အကောင်းဆုံးကြိုးစားပုံဖော်နေတဲ့သူနာပြုဆရာမလေးကိုချစ်ကြရဲ့လားပရိသတ်ကြီး။သူမရဲ့ရိုက်ကွင်းပေါ်ကချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကိုပရိသတ်တွေအကြိုမြင်တွေ့ခံစားစေနိုင်ဖို့မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - နန်းစန္ဒာလှထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။