နိုဝင်ဘာ(၁၇)ရက်၊ည(၁၂)နာရီအချိန်ခန့်မန္တလးမြို့မဟာအောင်မြေမြို့နယ်၊၃၆လမ်း၊လမ်း၇၀နှင့်၇၁လမ်းကြားရှိနေအိမ်တစ်ခုတွင်ဘတ္ထရီဆိုင်ကယ်အားသွင်းရာမှအပူလွန်ကဲမှုဖြစ်ကာမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အဆိုပါမီးလောင်မှုဖြစ်ပွားခဲ့သည့်နေအိမ်ပိုင်ရှင်ဒေါ်မီးမီးအသက်(၃၉)နှစ်ဟာပေ(၂၀)ပတ်လည်၊သံဖရိန်၊အုပ်ညှပ်နှစ်ထပ်နှင့်ပေ(၂၀)xပေ(၅၀)အာရ်စီနှစ်ထပ်(တွဲလျက်)လျှပ်စစ်ပစ္စည်းသိုလှောင်သည့်ဂိုဒေါင်အတွင်းဘက်ထရီဆိုင်ကယ်အားသွင်းရာမှအပူလွန်ကဲမှုဖြစ်ကာမီးစတင်လောက်ကျွမ်းခဲ့တယ်လို့သိရပါတယ်။

အဆိုပါမီးလောင်ရာနေအိမ်သို့မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးဦးသန်းဇော်ဦးဦးဆောင်ကာမီးငြှိမ်းသတ်ယာဉ်(၅၀)စီး၊မီးသတ်ရေသယ်ယာဉ်(၂၀)စီး၊သန္ဓေမီးသတ်(၇၀)ဦးနှင့်အရန်မီးသတ်(၂၀၀)ဦးတို့မှဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာနံနက်(၂)နာရီခွဲအချိန်ခန့်တွင်မီးလုံးဝငြိမ်းသွားခဲ့တယ်လို့သိရပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့အချိန်ကနှစ်နာရီကျော်ကြာသွားတယ်လို့သိရပါတယ်။

လျှပ်စစ်ပစ္စည်းတွေသိုလှောင်ထားတာဆိုတော့အသက်အန္တရာယ်မရှိအောင်ဆောင်ရွက်ခဲ့ရတယ်။"ဟု မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဆိုပါမီးလောင်မှုကြောင့် ပေ(၂၀)ပတ်လည်၊ သံဖရိန်၊ အုပ်ညှပ်နှစ်ထပ်(ငွေကျပ် ၂၀၀၀၀၀၀ခန့်)၊ ပေ(၂၀)x ပေ(၅၀) အာရ်စီနှစ်ထပ်(ငွေကျပ် ‪၅၀၀၀၀၀၀‬)၊ SURF(4H-5823)မော်တော်ယာဉ်အပြာရောင် အတွင်း ခန်း(ငွေကျပ်၈၀၀၀၀၀၀ခန့်)၊ ဘတ္ထရီဆိုင်ကယ်သုံးစီး(ငွေကျပ် ‪၁၂၀၀၀၀၀‬)နှင့်လျှပ်စစ်နှင့်ပတ်သက် သည့်အတွင်းပစ္စည်းများ(ငွေကျပ် ‪၁၅၀၀၀၀၀၀‬) စုစုပေါင်းငွေကျပ်(‪၃၁၂၀၀၀၀၀‬)ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။

မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီးအိမ်ပိုင်ရှင်ဒေါ်မီးမီးအား (ပ)၇၂၇ /၂၀၁၇၊ ပြစ်မှုပုဒ်မ၂၈၅ဖြင့်အမှတ်(၉)ရဲစခန်းတွင်အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။

သတင်းအရင်းအမြစ် - ဦးရာဇ (New Watch) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။