မြန်မာနိုင်ငံမှာခရီသွားဧည့်သည့်တွေရဲ့အာရုံစိုက်မှုအများဆုံးရရှိထားတဲ့မြို့တွေထဲကမှတောင်လှေကားမြို့လိုခေါ်ဝေါ်ကြတဲ့ပြင်ဦးလွင်မြို့ပဲဖြစ်ပါတယ်။

ပြင်ဦးလွင်မြို့ရဲ့နာမည်ကြီးပွဲတော်တစ်ခုဖြစ်တဲ့ဒီဇင်ဘာပန်းပွဲတော်ဟာလဲမကြာခင်မှာကျင်းပတော့မှာပဲဖြစ်ပါတယ်။(၁၂)ကြိမ်မြောက်ပန်းပွဲတော်ကိုဒီဇင်ဘာ(၁၆)ရက်တွင်နှစ်စဉ်ကျင်းပလျက်ရှိတဲ့ပြင်ဦးလွင်မြို့အမျိုးသားကန်တော်ကြီးတွင်ပြုလုပ်ကျင်းပသွားမှာဖြစ်တယ်လို့ကန်တော်ကြီးဥယျာဉ်မန်နေဂျာဦးဝေမျိုးအောင်ကပြောပါတယ်။

ဒီဇင်ဘာ(၁၆)ရက်ကစတင်ကာ(၃၁)ရက်အထိနှစ်ပတ်ကြာကျင်းပသွားမှာဖြစ်ပြီးဒီဇင်ဘာ၂၄နှင့်၂၅ရက်မှာတောတေးဂီတဖျော်ဖြေပွဲများထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့ပြောပါတယ်။လာရောက်ဖျော်ဖြေမယ့်အဆိုတော်တွေကိုတော့မသိရသေးဘူး။အခုချိတ်ဆက်နေတုန်းပါပဲ’’ဟုဦးဝေမျိုးအောင်ကပြောပါတယ်။

လက်ရှိမှာတော့ပွဲတော်ကျင်းပနိုင်ရန်ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိပြီး ပြပွဲတစ်ခုလုံးတွင် ပန်းအတု ၃၀ ရာခိုင်နှုန်းနှင့် ပန်းအစစ် ၇၀ ရာခိုင်နှုန်းခန့်ထည့်သွင်းကာ ပန်းပွင့် ပေါင်း တစ်သိန်းနှစ်သောင်းကျော် ဖြင့် ရုပ်လုံး၊ ရုပ်ကြွများပုံဖော်ကာ ပြသမည် ဖြစ်ကြောင်း အမျိုးသားကန်တော်ကြီးဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းထူးကပြောပါတယ်။

ပန်းပွဲတော်အတွင်းအမျိုးသားကန်တော်ကြီးဥယျာဉ်ဝင်ကြေးကိုတော့လူကြီးတစ်ဦး ကျပ် ၁,၀၀၀ နှင့် ကလေးတစ်ဦး ကျပ် ၅၀၀ သတ်မှတ်ထားပြီး ပွဲတော်ကျင်းပနေစဉ်ကာလတွင်လည်း နှုန်းထားများပြောင်းလဲကောက်ခံမည်မဟုတ်ကြောင်း ဦးကျော်လင်းထူးကပြောပါတယ်။

ကန်တော်ကြီးတွင် မျိုးစုံပြသထားသော ပန်းများအပြင်လိပ်ပြာပြတိုက်၊အင်ကြင်းပြတိုက်၊ရုပ်ကြွင်းပြတိုက်၊သစ်ခွဥယျာဉ်စသည်တို့လည်းရှိပြီး၂၀၁၆ဒီဇင်ဘာပန်းပွဲတော်ကာလတွင်လူဦးရေသုံးသိန်းကျော်လာရောက်လည်ပတ်ခဲ့ကြတယ်လို့သိရပါတယ်။

အမျိုးသားကန်တော်ကြီး ဥယျာဉ်ကို သစ်တောဦးစီးဌာနမှ HtooFoundationGroupသို့၂၀၀၈ခုနှစ်ကစတင်ကာ(၁၅)နှစ်သက်တမ်းဖြင့်ငှားရမ်းလုပ်ကိုင်နေခြင်းဖြစ်တယ်လို့လဲသိရပါတယ်။

သတင်းအရင်းအမြစ် - 7 Day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။