သမီးအရင်းအား အဓမ္မပြုကျင့်သောဖခင် ကို ဖမ်းဆီးရမိ

ကျိုက်မရောမြို့နယ်၊ ကလိုင်းကနိုင်ကျေးရွာအုပ်စု၊ ကရင်တောကျေးရွာ

မြို့ပေါက်ဝဘုန်းကြီးကျောင်းအနီး ဦးဖိုးသောင်း ရာဘာခြံ၌ ဧရာဝတီတိုင်းဒေသကြီး

အိမ်မဲမြို့နယ်မှ လာရောက်လုပ်ကိုင်နေသော

ဦးပွင့်ဦးသည် သမီးအရင်းဖြစ်သူ အဌမတန်းကျောင်းသူအား သားမယားအဖြစ်ပြုကျင့်ခဲ့ပြီး "မိခင်အားပြန်ပြောလျှင် သတ်ပြစ်မည်"ဟု ခြိမ်းခြောက်ပြောဆိုထားသည်ဟု သမီးဖြစ်သူမှပြောဆိုပါသည်။

အခင်းဖြစ်မည့်ညတွင် အမေဖြစ်သူမှ သားဖြစ်သူများ

ဒုလ္လာဘဝတ် ကိုရင်များနှင့် သွားရောက်အိပ်နေသဖြင့် ခြံထဲရှိတဲ၌ အဖေနဲ့သမီး နှစ်ယောက်တည်း ကျန်နေခဲ့သည်ကို အခွင့်ကောင်းယူကာ ဖခင်ဖြစ်သူမှ အရက်သောက်ထားပြီး သမီးအရင်းအား

`ငှက်ဖျားရောဂါထတယ်´ဆိုပြီး ဖိခိုင်းရာမှ သားမယားအဖြစ်ပြုကျင့်ကြောင်း သိရပါသည်။

နောက်တစ်နေ့၌ မိခင်ဖြစ်သူပြန်ရောက်လာသဖြင့်

သမီးဖြစ်သူမှာ မိခင်အားပြောပြပြီး ဦးပွင့်ဦး က သူများတွေလိုက်ပြောရင်သတ်ပစ်မည်ဟု

ကြိမ်းမောင်းနေသဖြင့်

မိခင်ဖြစ်သူနှင့်သမီးမှာကြောက်လန့်လာသဖြင့် ကျိုက်မရောလူငယ်ပရဟိတဖွဲ့ထံသို့ ဆက်သွယ်ပြီး

ကျိုက်မရော မြို့မရဲစခန်းမှ နယ်ထိန်း အင်ချပ် ဒုရဲအုပ်ကျော်မင်းသူနှင့် ဆက်သွယ်ပြီး

နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် တရာခံအား အမြန်ဆုံးဖမ်းမိစေရန်

ကျိုက်မရောလူငယ်ပရဟိတအဖွဲ့ ကျိုက်မရောမှုးယစ်

ဆန့်ကျင်းရေးအဖွဲ့တို့နှင့်ပူးပေါင်းပြီး ဦးဖိုးသောင်း ရာဘာခြံ၌ တရားခံဖြစ်သူ ဦးပွင့်ဦးအား

သွားရောက်ဖမ်းဆီးခဲ့ကြသည်ဟု သတင်းရရှိပါသည်။

Credit - #ကျိုက်မရောလူငယ်ပရဟိတ

ကျိုက်မရော/မုဒုံ သတင်းစုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။