တစ်ချိန်က မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ မိန်းကလေးအဆိုရှင် No အဖွဲ့ကိုတော့ ပရိသတ်တွေလွမ်းနေလောက်မယ်ထင်ပါတယ်။

ချစ်စရာကောင်းတဲ့မိန်းကလေး(၃)ယောက်ပါ၀င်တဲ့ No အဖွဲ့မှာ သဇင် ၊ရည်မွန်၊ ရတနာ တို့(၃)ဦးနဲ့ ဖွဲ့စည်းထားပြီး နာမည်ကြီးခဲ့တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။

နို၀င်ဘာလ(၁၈)ရက်နေ့မှာ ကျင်းပခဲ့တဲ့ Back To Millennium ရှိုးပွဲမှာ ရည်မွန် နဲ့ ရတနာတို့နှစ်ဦးကလည်း ပါ၀င်ဖျော်ဖြေခဲ့ကြပါတယ်။

သူတို့အဖွဲ့လေး ပရိသတ်တွေနဲ့အဆက်သွယ်ပြတ်ခဲ့တာကြာပြီး လက်ရှိမှာတော့ သဇင်ဟာ ပြည်ပမှာ ခင်ပွန်းဖြစ်သူနဲ့အတူ အခြေချနေထိုင်လျက်ရှိတာကြောင့် ဒီပွဲလေးမှာတော့ ရတနာနဲ့ ရည်မွန်ကိုသာ တွေ့ရပါတယ်။

အသံချိုချိုအေးအေးလေးပိုင်ဆိုင်ထားတဲ့ရတနာ နဲ့ ရက်ပ်စာသားအလန်းတွေရွတ်ဆိုလေ့ရှိတဲ့ ့ရည်မွန်တို့ နှစ်ဦးဟာ မနေ့ညက ရှိုးပွဲမှာ ဖက်ရှင်ဆန်းဆန်းလေးတွေနဲ့အတူ တမျိုးလေးလှနေခဲ့ကြပါတယ်။

သူတို့အဖွဲ့လေးဟာ ဂီတလောကနဲ့ကင်းကွာသွားတာကြာပေမယ့်အပြင်မှာတော့ မကြာခဏဆုံဖြစ်ကြတယ်လို့သိရပါတယ်။

အရင်ကထက်ပိုပြီး လှလာကြတဲ့ သူမတို့နှစ်ဦးကို ပရိသတ်ကြီး မြင်ရင် မှတ်မိသေးရဲ့လား၊။

NO အဖွဲ့ဟာ ဘာလိုသေးလဲ ဆိုတဲ့ သီချင်းခွေလေးနဲ့အတူ အောင်မြင်မှုမှတ်တိုင်စိုက်ထူနိုင်ခဲ့တာပါ။  

Source- Yadanar lin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။