နို၀င်ဘာ ၁၉ ရက်နေ့မှာ မင်းသမီးချောလေးနန်းမြတ်ဖြိုးသင်းတို့စုံတွဲက မင်္ဂလာဦးဆွမ်းကျွေးပွဲလေးပြုလုပ်ခဲ့ကြပါတယ် ။

နှစ်ဖက်မိဘနဲ့အတူ မင်္ဂလာရှိရှိ ဆင်နွဲခဲ့တဲ့ ဒီဆွမ်းကျွေးပွဲလေး ပြီးဆုံးသွားချိန်မှာတော့ မင်းသမီးလေးက ဒီပွဲလေးအတွက်ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ် ။ 

" မင်္ဂလာဦးဆွမ်းကျွေး

ဒီနေ့လေးကိုမင်္ဂလာရှိပျော်ရွှင်စွာဖြတ်သန်းခွင့်ရတဲ့အတွက်အရမ်းဝမ်းသာရပါတယ်

မိသားစု ဆွေမျိုးများနဲ့ဆွမ်းကပ်ပြီးအလှူလေးတွေလုပ်ဖြစ်ပါတယ်ရှင့်

ချိတ်လှလှလေးနဲ့ပုဆိုးကို ROYAL CHAIK မှပံ့ပိုးပေးပီး Designer Ma Pont(My Favourite) မှအလှဆုံးချုပ်ပေးပီး မိတ်ကပ်ဆံပင်လှလှလေးကို မိတ်ကပ်အန်တီမေသန်းမှ လိမ်းပေးပီး ရတနာများကိုစိန်နန်းတော်ကအလိုက်ဖက်ဆုံးဆင်မြန်းပေးထားတာပါရှင့်

လက်သည်းလှလှလေးက Those nails ကလုပ်ပေးတာ

အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်

Photo credit- Naing Lin Visual Arts Group " လို့ သူမက ဆိုခဲ့တာပါ ။

အစိမ်းရောင် ဆင်တူလေးနဲ့ ကြင်စဦးစုံတွဲလေးကတော့ တကယ့်ကို လိုက်ဖက်တင့်တယ်လွန်းနေတာကိုလည်းတွေ့ရှိရပါတယ် ။ မင်းသမီးလေး နန်းမြတ်ဖြိုးသင်းရဲ့ မင်္ဂလာဦးဆွမ်းကျွေးပွဲလေးကပုံရိပ်လေးတွေကို ကြည့်ရင်း သူတို့ရဲ့ အပျော်လေးတွေကို မျှဝေကြရအောင်နော် ...  

သတင်းအရင်းမြစ် Nan Myat Phyo Thin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။