အနုပညာလောကမှာ နာမည်ကြီး လူကြိုက်များတဲ့ မင်းသမီးတွေထဲမှာ ခွန်းဆင့်နေခြည် တစ်ဦးလည်း ပါဝင်ပါတယ်။ အက်ရှင်ဇာတ်ကားတွေနဲ့ ပရိသတ်တွေစတင်သတိထားမိခဲ့ရာမှ မိုင်တိုင် (၇၆) ဆိုတဲ့ ဇာတ်ကားနဲ့ ပရိသတ်တွေ အားလုံးရဲ့ အားပေးမှုကို အပြည့်အဝ ရရှိခဲ့သူဖြစ်ပါတယ်။ အမျိုးသမီးဖြစ်ပေမယ့် တိုက်ကွမ်ဒို ကစားသလို အားကစားလည်းလိုက်စားသူမို့ ပြေပြစ်လှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ 

ခွန်းဆင့်နေခြည်ဟာ သူမရဲ့ ပရိသတ်တွေနဲ့ ထိတွေ့မှုရှိစေဖို့ Fan page တစ်ခုထောင်ထားပြီး ဒီ page ကနေ သူမရဲ့ လှုပ်ရှားမှုတွေ ခံစားချက်တွေနဲ့ ဓာတ်ပုံတွေကို မျှဝေလေ့ရှိပါတယ်။ ယခုတစ်ခါလည်း သူမဟာ ရေကူးဝတ်စုံနဲ့ ရေကူးကန်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို တင်ထားပြီး ယခုလိုရေးသားထားတာ တွေ့ရပါတယ်။

"ရေကူးကန်မှာရေကူးတုန်းက မြန်မာဝတ်စုံ

ရင်ဖုံးနဲ့ထမီဝတ်ပြီးရေးကူးလို့မဖြစ်တဲ့အတွက်

bikini (ဘီကီနီ) ဝတ်ပြီးရေကူးခဲ့ဖူးပါတယ်

ဒါကိုအပြစ်လို့ဆိုချင်လည်းဆိုလို့ရပါတယ်နော် •••" ဆိုပြီး ရေးသားထားပါတယ်။ အနုပညာလောကမှာ နေရာတစ်ခုရရှိထားတဲ့သူမဟာ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေသိပ်မတွေ့ရဘဲ US ကို ခရီးထွက်နေတယ်လို့ သိရပါတယ်။ 

Source: Khun Sint Nay Chi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။