အနုပညာလောကရဲ့ နောက်တက်မင်းသမီးတွေထဲမှာ နေရာတစ်ခုရရှိထားပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတွေထဲမှာ ဆုအိမ့်စံ တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေရိုက်ကူးထားပြီး အချိန်တိုအတွင်း ပရိသတ်တွေရဲ့ အသိအမှတ်ပြု အားပေးလက်ခံမှုကို ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ 

ဆုအိမ့်မှာ ပရိသတ်တွေအတွက် fan page လေးတစ်ခုဖွင့်ထားပြီး ဒီ fan page ကနေတဆင့် သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့အတူ ဓာတ်ပုံလေးတွေကို တင်ပေးလေ့ရှိပါတယ်။ တနေ့ကလည်း သုဝဏ္ဏပန်းခြံမှာ ရောင်စုံပူပေါင်းလေးတွေနဲ့ ကစားနေတဲ့ ပုံလေးတွေကို တင်ထားခဲ့ပြီး မြန်မာဝတ်စုံလေးနဲ့ လှနေတဲ့ သူမရဲ့ ပုံလေးတွေဟာ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးလို့နေပြန်ပါတယ်။ 

အနုပညာလောကရဲ့ နာမည်ရမင်းသားတစ်လက်ဖြစ်တဲ့ သူရိယနဲ့ ချစ်သူတွေဖြစ်ကြပြီး သူတို့ရဲ့ အချစ်ရေးသတင်းဟာ ရုတ်တရက်ထွက်ပေါ်လာတာကြောင့် ပရိသတ်တွေလည်း အံ့အားသင့်ခဲ့ကြပါတယ်။ ပွဲတော်တော်များများမှာ နှစ်ယောက်အတူတူတွေ့မြင်ရတတ်ပြီး သူမတို့အချစ်ရေးကတော့ သာယာနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဆုအိမ့်ဟာ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်နေကိုင်တာတွေ့ရပါတယ် ပရိသတ်ကြီးရေ.....

Source: Su Eaint San

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။