အမျိုးသမီးတွေအရှုံးပေးရလောက်အောင်ချစ်စရာကောင်းနေတဲ့သူမကတော့တောင်ကုတ်မြေမှပန်းလေးတစ်ပွင့် LadyBoyစစ်ပိုးအိမ်ပဲဖြစ်ပါတယ်။

LadyBoyလို့တောင်ထင်ရက်စရာမရှိတဲ့သူမရဲ့လှပကျော့ရှင်းတဲ့ရူပါအလှတွေကြောင့်ပရိသတ်တွေအံ့အားသင့်စေခဲ့ရတာပဲဖြစ်ပါတယ်။

မိန်းကလေးတွေထက်တောင်လှပနေတဲ့သူမဟာလက်ရှိမှာတော့ပရိသတ်တွေရဲ့ဝန်းရံခြင်းခံနေရတာဖြစ်ပြီးအနုပညာလမ်းကြောင်းပေါ်ကိုလဲစတင်လျောက်လှမ်းလာခဲ့ပြီပဲဖြစ်ပါတယ်။မီဒီယာတွေရဲ့စိတ်ဝင်စားခြင်းခံနေရတာဖြစ်ပြီးလူမှုကွန်ယက်တွေမှာသူမရဲ့ပုံရိပ်လေးတွေဟာရေပန်းစားလျက်ရှိတာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့သူမကိုချစ်ခင်အားပေးကြတဲ့ပရိသတ်တွေရှိသလိုတစ်ချို့သောပရိသတ်တွေရဲ့ကဲ့ရဲ့နှိမ့်ချမှုတွေကိုစိတ်မကောင်းစွာနဲ့ပဲသူမရဲ့ပရိသတ်တွေစီရင်ဖွင့်လိုက်တာပဲဖြစ်ပါတယ်။

သူမအနေနဲ့အခုလိုLadyBoyအဖြစ်ရပ်တည်နေရတာဟာသူမရဲ့မိသားစုကလုံးဝလက်မခံတာကိုအတိုက်ခံလုပ်ပြီးရပ်တည်နေရတာပါလို့ဆိုပါတယ်။

တစ်ချို့သောပရိသတ်တွေဟာဘယ်သူသားဘယ်သူ့မြေးစတဲ့မိဘနာမည်တွေပါထည့်ပြောလာကြတော့ကိုယ့်ကြောင့်သူတို့တွေထပ်ပြီးစိတ်အနှောင့်အယှက်မဖြစ်စေချင်ဘူးလို့စိတ်မကောင်းစွာကြားသိရပါတယ်။တစ်ချို့ဆိုလဲOnlineကနေဆဲကြတယ်။

သူမအကြောင်းတင်တဲ့Postတွေအောက်မှာလဲကဲရဲ့နှိမ့်ချပြီး မန့်ကြတယ်လို့ဆိုပါတယ်။သူမကိုမကြိုက်တဲ့ပရိသတ်တွေအခုလိုတုံပြန်လို့လဲစိတ်မညစ်ပါဘူး စိတ်မကောင်းဖြစ်တာပါလို့ဆိုပါတယ်။

ဒီထက်ပိုဆိုးတာတစ်ခုကလူမျိုးရေးတွေနဲ့ပါချီပြီးသိက္ခာကျတယ်လို့ဆိုလာကြတော့အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်လို့ရင်ဖွင့်ရေးသားထားတာပဲဖြစ်ပါတယ်။

ယောကျာ်လေးတစ်ယောက်အနေ့နဲ့ယခုလိုLadyBoyအဖြစ်ရပ်တည်ဖို့ဆိုတာအတိုက်ခိုက်တွေကဲရဲ့မှုတွေကိုတော်တော်လေးသီးခံပြီးဖြတ်သန်းကြရတာပဲဖြစ်ပါတယ်။သူမရဲ့ချစ်ပရိသတ်တွေကလဲသူမနဲ့ထပ်တူစိတ်မကောင်းဖြစ်နေကြတာပဲဖြစ်ပါတယ်။

သူမရဲ့လူမှုကွန်ယက်မှာလဲသူမကြုံတွေ့နေရတဲ့အခက်ခဲတွေအခုလိုပဲရင်ဖွင့်ရင်သားထားတာပဲဖြစ်ပါတယ်။

"တချို့လူတွေ Online မှာဆဲပြီး အပြင်မှာတွေ့ရင် Selfie လာဆွဲတယ်စစ်ပိုးအိမ်လေးအရမ်းလှတယ် အရမ်းကြိုက်လို့ဆိုပြီး Fb add ခိုင်းတယ် ညီမအကြောင်း Page တွေကတင်တဲ့ post တွေအောက်မှာ ကဲ့ရဲ့နိုမ်ချကြပီး ညီမတင်တဲ့ post တွေအောက်မှာ Add me,Idol,Seefirst ဘာညာ လာမန့်ကြတယ်ကွယ်ရာရောက်ရင်အခြောက်ကြီးပါကွာ_နဲ့မမဘယ်သူသိက္ခာကျတယ်ဘယ်ဝါသိက္ခာကျတယ်တို့ဘယ်သူ့သားဘယ်ဝါ့မြေးဘာညာနဲ့မိဘနာမည်တွေပါလာတယ်တောင်းပန်ပါတယ်

အဲ့လိုမလုပ်ကြပါနဲ့ဒီလိုပုံစံလေးနဲ့နေရဖို့ မိသားစုနဲ့အများကြီးအတိုက်အခံ လုပ်ထားရတာပါ ကိုယ့်ကြောင့်သူတို့တွေထပ်ပြီး စိတ်အနှောင့်အယှက်မဖြစ်စေချင်လို့ပါ ပိုဆိုးတာတစ်ခုမြင်ရတာက ညီမကြောင့်ရခိုင်တွေသိက္ခာကျတယ်ဘာညာပေါ့ အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်

ညီမဘာတွေများအမှားလုပ်မိလို့ပါလိမ့်မကြိုက်ရင် အားမပေးပါနဲ့ အားမပေးလု့ိဘာမှမခံစားရပါဘူး ညီမကနာမည်ကြီး Celebrity လဲမဟုတ်ပါဘူးစကားတွေကလို်က်မကြည့်လဲမြင်နေရတယ် မသိချင်လဲရင်းနှီးသူတွေကလာပြကြတယ် စိတ်ညစ်တာထက် စိတ်မကောင်းဖြစ်တာပိုပါတယ်ထားလိုက်ပါတော့...ညီမကတော့လူတိုင်းကိုမေတ္တာထားပါတယ် ကိုယ်ချင်းစာနိုင်ကြပါစေ"ဆိုတဲ့လက်ရှိသူမကြုံတွေ့ခံစားနေရတဲ့စိတ်မကောင်းစရာကိစ္စလေးတွေကိုရင်ဖွင့်ရေးသားခဲ့တာပဲဖြစ်ပါတယ်။

စစ်ပိုးအိမ်ကိုချစ်တဲ့ပရိသတ်တွေလဲသူမကိုအားပေးလိုက်ကြပါအုန်းနော်။ပရိသတ်တွေအတွက်စစ်ပိုးအိမ်ရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကိုလဲမျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - စစ်ပိုးအိမ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။