ပြီးခဲ့တဲ့ စနေနေ့မှာတော့ အာဆင်နယ်နှင့် စပါးတို့ ကစားခဲ့ပါတယ်။ အဆိုပါပွဲကတော့ အကြိတ်အနယ်ရှိခဲ့တဲ့ ဒါဘီပွဲပါ။ နှစ်သင်းစလုံးကတော့ အားကုန်ထုတ်ကစားခဲ့ပါတယ်။ ပွဲပြီးမှာတော့ အာဆင်နယ်က အနိုင်ရခဲ့ပါတယ်။

အာဆင်နယ်အတွက်ဂိုးများကို ပွဲချိန် ၃၆မှာ မူစတာဖီက စသွင်းခဲ့တာပါ။ ထို့နောက် ဒုတိယဂိုးကို ဆန်းချက်ကသွင်းခဲ့ပါတယ်။ ဒါ့ကြောင့် ပွဲအပြီးမှာတော့ အာဆင်နယ်က စပါးကိ ု၂-၀ ဖြင့်နိုင်ခဲ့ပါတယ်။ ပွဲအပြိီးမှာတော့ စပါးနည်းပြ ပိုချက်တီနိုက ဒါဘီရှုံးနိမ့်မှုအတွက် ကွင်းလယ်ဒိုင်ကိုအပြစ်တင်လိုက်ပါတယ်။ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ ဒါဘီရှုံးနိမ့်မှုအတွက် ဒိုင်ကိုအပြစ်တင်ခဲ့တဲ့ စပါးနည်းပြ ပိုချက်တီနိုကို ပြန်ချေပခဲ့ပါတယ်။

” ပြီးခဲ့တဲ့အပတ်ကဆိုရင် ကျနော်တို့ဟာ လူကျွံဘောတွေကနေ ပေးလိုက်ရတဲ့ ဂိုးတွေကြောင့် အရှုံးပေးခဲ့ရတာပါ။ အဲဒီအနေအထားဆိုရင် မပြောပါ့လောက်ရုံလေး လူကျွံတာမဟုတ်ပါဘူး။ တစ်ကိုက်ကျော်လောက်ကို လူကျွံနေတာဖြစ်ပေမယ့် အဲဒီတုန်းက ဘယ်သူမှတောင် အရေးတယူနဲ့ ပြောခဲ့တာမျိုး မတွေ့ခဲ့ရပါလား။ သူတို့ပြောတဲ့ အနေအထားတွေကို ကျနော်ပြန်ကြည့်ဖြစ်ပါတယ်။ လူကျွံသလား၊ ပြစ်ဒဏ်ဘော ပေးသင့်သလားဆိုတာတော့ အသေအချာမသိပါဘူး။ ထပ်ပြောရရင် အဲလောက်အခြေအနေလေးတွေက ဖြစ်နေကြလေးတွေပါ။ ကျနော်တို့ တစ်ကိုက်လောက်ရှိတဲ့ လူကျွံဘောကနေ ပေးလိုက်ရတဲ့ ဂိုးတွေကမှ ပိုပြီး မေးခွန်းထုတ်ချင်စရာ ကောင်းပါတယ် ” လို့ ပွဲအပြီး သတင်းစာရှင်းပွဲမှာ အာဆင်ဝင်းဂါးက ပြောဆိုသွားခဲ့ပါတယ်။

Source – Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။