အိန္ဒိယ နိုင်ငံမှ ဆေးကျောင်းသူ လေး ကတော့ Miss World 2017 ဆုကို ရရှိခဲ့ပါပြီ။ သူမ နာမည် ကတော့ Manushi Chhillar ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အလှမယ် ပြိုင်ပွဲမှာ ယခုလို ပထမ ဆုကို ရရှိခဲ့တာပါ။ သူမ အနေနဲ့ ယခုလို ပထမဆုကို အခြားသော အလှမယ် ပေါင်း ၁၀၈ ယောက်ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပါ။ ဒါဟာ အိန္ဒိယ သမိုင်း မှာ Miss World ကို ၆ ကြိမ်မြောက် အနိုင်ရရှိခဲ့တဲ့ အိန္ဒိယ အမျိုးသမီး အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။

အသက် ၂၀ နှစ်ရှိပြီဖြစ်တဲ့ Manushi Chhillar ဟာ သူမ အနိုင်ရရှိခဲ့တာကို သိရချိန်မှာ အရမ်းကို အံ့အားသင့်ခဲ့ရပါတယ်။ သူမ အံ့အားသင့်ခဲ့ရတာကို ပရိသတ်တွေ အနေနဲ့ ရုပ်သံ အစီအစဉ် မှာ သူမ အရမ်း အံ့သြ ၀မ်းသာနေတဲ့ ပုံကိုကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။ ယခုလို ပထမဆု ရရှိပြီးနောက် သူမ က “ဆုတောင်းပေးကြသူအားလုံး၊ ထောက်ခံကြတဲ့သူအားလုံးကို ကျွန်မ ကျေးဇူးတင်ပါတယ်” လို့ Twitter ကနေတဆင့်ပြောကြားခဲ့ပါတယ်။ ဒီဆုကတော့ အိန္ဒိယ အတွက်ပါလို့ သူမ က ရေးသားခဲ့ပါတယ်။

အိန္ဒိယ အနေနဲ့ ဒီလို ပထမဆုနဲ့ ကင်းကွာနေတာ ၁၇ နှစ်တောင်ရှိပါပြီ။ ယခုလို ရရှိတာဟာ အိန္ဒိယ သမိုင်း မှာ ၆ ကြိမ်မြောက် ဖြစ်ပါတယ်။ First Runner Up ဆုကိုတော့ မက္ကဆီကို နိုင်ငံမှ Andrea Meza က ရရှိခဲ့ပြီး၊ တတိယဆုကိုတော့ အင်္ဂလန်မှ Stephanie Hill မှ ရရှိခဲ့ပါတယ်။ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ပြိုင်ပွဲဝင်တွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ၂၀၁၆ ခုနှစ် ဆုရှင် Puerto Rico အလှမယ် Stephanie Del Valle က သရဖူကို လွှဲပြောင်းပေးခဲ့ပါတယ်။ Manushi Chhillar ရဲ့ မိဘတွေဟာ ဆရာဝန်တွေဖြစ်ကြပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။