အိန္ဒိိယနိုင်ငံ မြို့တော်နယူးဒေလီမှာ မီးခိုးမြူထူတွေလျော့ပါးအောင် ညလုံးပေါက်ရေဖြန်းထားခဲ့ရပါတယ်။ထိုကြောင့် နို၀င်ဘာ၁၈ရက်နေ့မှာမြင်နိုင်စွမ်း အခြေအနေ တိုးတက်လာပါတယ်။ဒါပေမယ့် လေထုထဲမှာ အချင်း ၂ဒသမ၅ မိုက်ခရိုမီတာထက်သေးတဲ့PM2.5လို့ခေါ်တဲ့အမှုန်တွေ ပါဝင်မှုအဆင့်က အင်မတန် မကျန်းမာစေတဲ့ အဆင့်မှာ ရှိနေဆဲပါဖြစ်ပါတယ်။နယူးဒေလီက အမေရိကန်သံရုံးရဲ့ တိုင်းထွာချက်အရ နို၀င်ဘာ ၁၈ ရက်နေ့မနက်၁၁နာရီမှာရှိနေတဲ့PM2.5အဆင့်ဟာ၂၅၆ မှာရှိနေလို့လက်ခံနိုင်စွမ်းရဲ့ငါးဆထိကျန်နေပါသေးတယ်။ဒါပေမယ့် ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်ကလေထုညစ်ညမ်းမှု အဆင့်ဟာလက်ခံနိုင်စွမး်ထက် ၁၂ ဆ ကျော်လွန်ခဲ့တာလည်းဖြစ်ပါတယ်။

ကျန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ်လုံး အဆိပ်သင့် မီးခိုးမြူထူတွေ ပိိန်းပိတ်နေခဲ့တဲ့ ဒေလီမြို့တော်ဟာ စနေနေ့မှာ နေရောင်ကိုစပြီးမြင်ခဲ့ရပါတယ်။ဒါကြောင့် မျက်ခမ်းစပ်တာ၊ချောင်းဆိုးတာနဲ့အသက်ရှူလမ်းကြောင်း ဝေဒနာတွေ ခံစားရတဲ့ဒေသခံတွေ သက်သာရာ ရခဲ့ပါတယ်။ပတ်ဝန်းကျင်ခရိုင်တွေက လယ်သမားတွေကရိတ်သိမ်းပြီးစ စိုက်ခင်းတွေကို မီးရှို့လို့ ထွက်လာတဲ့ မီးခိုးတွေ ပြာမှုန်တွေ၊ ကားတွေက ထွက်တဲ့ မီးခိုးတွေနဲ့ စက်ရုံတွေက ထွက်တဲ့ ညစ်ညမ်းမှုတွေ ပေါင်းပြီး မီးခိုးမြူထူတွေ ဖြစ်ခဲ့တာကြောင့်လည်းပါ၀င်ပါတယ်။

နှစ်စဉ်ဆောင်းရာသီမှာလေတိုက်နှုန်း ကျဆင်းရင်မီးခိုးမြူထူတွေရဲ့ ဒဏ်ကို အိန္ဒိိယမြောက်ပိုင်းမှာ ခံရလေ့ ရှိပါတယ်။လယ်သမားတွေက မီးမရှို့အောင် အစားထိုးနည်းလမ်းကို ဖန်တီးပေးဖို့ အမေရိကန်ဒေါ်လာ သန်း၆၀၀ လောက်ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ဒါပေမယ့်ဘယ်သူကဒီငွေတွေကို ပေးမလဲဆိုတာ ဝန်ကြီးချုပ် နရင်ဒြာမိုဒီရဲ့ အစိုးရနဲ့ အတိုက်အခံ ပါတီတွေကြား ငြငး်ခုံနေဆဲဖြစ်ပါတယ်။

Source – DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။