ဆီးရီးယား အစိုးရတပ်ဖွဲ့ တွေ နဲ့ ရှရှား တပ်ဖွဲ့တွေဟာ အီရတ်နယ်စပ် ရှိ ISIS ရဲ့ အဓိကကျတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။ ဆီးရီးယား အစိုးရ စစ်တပ် မီဒီယာ မှာ အီရတ်နယ်စပ် Abu Kamal နဲ့ သဲကန္တာရ ဧရိယာ တစ်ဝိုက်ရှိ ISIS ပစ်မှတ်တွေကို တိုက်ခိုက်နေတဲ့ ပုံတွေကို ထုတ်ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဆီးရီးယား စစ်တပ် အနေနဲ့ ISIS ကို အနိုင်ရပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ အချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

ဗီဒီယို ထဲမှာ ရှရှားစစ်တပ် က ISIS ရဲ့ နေရာတော်တော်များများ ကို လေတပ် မှ ဗုံးကြဲတိုက်ခိုက်တာကို တွေ့ရမှာပါ။ အခြား ပစ်မှတ်တွေကို တော့ ဆီးရီးယား အစိုးရ မြေပြင်တပ်ဖွဲတွေက ၀င်ရောက်ချေမှုန်း တိုက်ခိုက်ခဲ့ကြပါတယ်။ အီရတ်နယ်စပ် Abu Kamal နဲ့ သဲကန္တာရ ဧရိယာ တစ်ဝိုက်ဟာ အီရတ်နိုင်ငံ အနောက်ပိုင်း မှာ တည်ရှိတာပါ။ ဒီလမှာ ISIS ဟာ အဲ့ဒီ့ နယ်စပ်ဒေသ တွေကို ထိန်းချုပ်နိုင်ခြင်းမရှိတော့ဘဲ လက်လွှတ်ခဲ့ရပါတယ်။

အဲ့ဒီ့ နယ်စပ်ဒေသ မှာ ISIS အဖို့ လူ နဲ့ လက်နက် ခဲယမ်းသယ်ဆောင်ရာ မှာ မှီခိုအားထားရတဲ့ ဒေသလည်းဖြစ်ပါတယ်။ အမေရိကန် ရဲ့ ရုရှား အပေါ် ISIS အရေး ဝေဖန်ခဲ့ပြီးနောက် ယခုလို ISIS ကို ဆီးရီးယား နဲ့ ရုရှား တပ်ဖွဲ့ တွေ တိုက်ခိုက်တဲ့ ဗီဒီယို ထွက်ပေါ်လာတာပါ။ ရှရှား ကတော့ ဒီ ဓာတ်ပုံတွေဟာ ISIS တွေကို တိုက်ခိုက်တဲ့ ခိုင်မာတဲ့ သက်သေ တွေပဲဖြစ်တယ်လို့ ဆိုထားပါတယ်။ ISIS အနေနဲ့ ရုရှား ရဲ့ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဆက်တိုက်အရေးနိမ့်လျက်ရှိပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။