အချစ်ရေးတစ်ခုမှာ ချစ်သူသက်တမ်းဘယ်လောက်ပဲကြာကြာ စိတ်ချမ်းသာစရာကြည်နူးစရာ အခိုက်အတန့်လေးတွေရှိသလို စိတ်ကသိကအောက်ဖြစ်ချိန် ၊ စိတ်ကုန်ငြီးငွေ့ဖွယ်အခိုက်အတန့်လေးတွေရှိကြတာ သဘာဝပါပဲ။

ဘယ်Relationship မဆို အကောင်းနဲ့အဆိုး ဒွန်တွဲနေတာမို့ ကိုယ့်ချစ်သူရဲ့ အားနည်းချက် အားသာချက်တွေကိုလည်း နားလည်လက်ခံနိုင်မှသာ သက်ဆုံးတိုင်လက်တွဲနိုင်မယ့်အခြေအနေကို ရရှိမှာပါ။

သင့်ချစ်သူနဲ့ ရေရှည်လက်တွဲမြဲချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေအတိုင်း နေကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

(၁) လောကကြီးကို အကောင်းမြင်စိတ်မွေးပါ။

ဘဝနဲ့ပတ်သက်ပြီး အကောင်းမြင်စိတ်မွေးမြူမယ်ဆိုရင် သင်ကိုယ်တိုင်လည်း စိတ်သက်သာရာရသလို သင့်အနီးနားက ချစ်သူခင်သူတွေအပေါ်မှာလည်း ခိုင်မာတဲ့ဆက်ဆံရေးမျိုး တည်ဆောက်နိုင်မှာပါ။

(၂) မိမိကိုယ်ကိုယ်လည်း ချစ်တတ်ပါ။

သင့်ချစ်သူကလည်း သင့်ရဲ့ အနစ်နာခံပေးဆပ်မှုတွေကို မလိုချင်ဘူး.သူကပဲ သင့်ကို အကောင်းဆုံးတွေဖြည့်စည်းပေးချင်ပေးလိမ့်မယ်။ အဲ့ဒီအခါ သင်တို့နှစ်ယောက်လုံးနားလည်ထားရမှာက တစ်ယောက်ကို တစ်ယောက် ကိုယ်ဖြစ်ချင်တဲ့အရာတွေနဲ့ ပုံမသွင်းခိုင်းပါနဲ့ ။

သင့်ရဲ့ ကိုယ်ရေးကိုယ်သွေးကိုတော့ အခြားလူတစ်ယောက်ရဲ့ စိတ်နဲ့ မစိုးမိုးထားပါနဲ့.။ သင့်ကိုသင်လည်း ချစ်တတ်ဖို့လိုပါတယ်။

(၃) သူ့ရဲ့ စိတ်ခံစားချက်တွေကို အာရုံတစိုက် နားထောင်ပေးပါ။

တစ်ခါတရံ Relationship တစ်ခုမှာ မိန်းကလေးနဲ့ ယောကျာ်းလေး မတူညီတဲ့ ရှုထောင့်တွေနဲ့ ခံယူချက်တွေ ရှိတတ်ကြပါတယ်။ ကိုယ်ကြိုက်သမျှအရာအတိုင်းကို သူ့ကိုပါလိုက်ကြိုက်ခိုင်းဖို့ ၊ကိုယ်မနှစ်သက်တဲ့အရာတိုင်းကို သူ့ကိုပါ ပြောင်းလဲခိုင်းဖို့ မကြိုးစားပါနဲ့ ။ သင့်ကို သူက အဲ့လိုပြန်ပြီးလုပ်လာရင်ရော သင်သည်းခံနိုင်မလားဆိုတာ ပြန်သုံးသပ်ကြည့်ပါ။ ဒါဆိုရင် သင်တို့နှစ်ယောက်ကြားမှာ အဖုအထစ်တွေမရှိနိုင်တော့ပါဘူး။

(၄) ချစ်သူကို သင်ဘယ်လောက်အလေးထားကြောင်း ၊ သူ့အပေါ် ကျေးဇူးတင်ကြောင်းလည်း မကြာခဏပြောပေးပါ။

တစ်ချို့တွေက ချစ်သူကိုချစ်ပေမယ့် စိတ်ထဲမှာပဲထားကြတယ်အပြင်ကို ထုတ်ဖော်မပြောတတ်ကြတာရှိပါတယ်။ တကယ်တော့အဲ့ဒါကမှားနေပါတယ်။ အချစ်ဆိုတာ ကိုယ်သူ့ကိုဘယ်လောက် တန်ဖိုးထားကြောင်း သိအောင်ပြောဖို့လိုသလို သူနဲ့ပတ်သက်ပြီး သင်ကျေးဇူးတင်ကြောင်းကို မကြာခဏ ပြောပေးပါ။ ဒါက သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို ပိုင်ခိုင်မြဲစေပါတယ်။

(၅) မကြာခဏစကားလုံးလှလှလေးတွေ ပြောတတ်ပါစေ။

နှုတ်ချိုလျိုတစ်ပါး ဆိုတဲ့စကားပုံလိုပါပဲ။ကိုယ်နှုတ်က ထွက်တဲ့ စကားတစ်ခွန်းဟာ သူတစ်ပါးအပေါ် သက်ရောက်မှုအများကြီးရှိပါတယ်။ ရိုမက်တန်ဆန်ဖို့မလိုပေမယ့် သူနဲ့ပြောဆိုတွေ့ဆုံချိန်တိုင်း ရင့်သီးတဲ့စကားလုံးတွေပြောတာကိုရှောင်ပါ။

(၆) အပြန်အလှန်ရိုသေလေးစားမှု

ဒါဟာ ချစ်သူစုံတွဲတွေရဲ့ အရေးအကြီးဆုံး သော့ချက်ပါပဲ။ မိသားစုဆွေမျိုးအလုပ်ထဲမှာတောင် အချင်းချင်း Respect ထားရသေးတာပါပဲ.။ သင့်ချစ်သူကို ချစ်သက်တမ်းကြာသွားလို့သူ့အပြုအမူနဲ့ပတ်သက်ပြီး မလေးစားတာ အထင်သေးတာမျိုးမလုပ်မိပါစေနဲ့။ ဘာတွေပဲဖြစ်နေပါစေ တစ်ယောက်ကို တစ်ယောက် လေးစားမှုရှိနေတာအကောင်းဆုံးပါပဲ။

(၇) နေရာတကာ ၀င်ရောက်စွက်ဖက်ဖို့ ဆိုလိုတာမဟုတ်ပေမယ့် လူတိုင်းမှာ စိတ်ညစ်စရာအချိန်တွေ၊ ပျင်းရိငြီးငွေ့ဖွယ်အချိန်တွေရှိတတ်ကြပါတယ်။ သင့်ဘေးနားကချစ်သူကို သင့်ရဲ့ ခပ်ဆိုးဆိုးအတွေးအခေါ်တွေကို သူ့ရှေ့မှာမဖော်ပြမိအောင်နေသင့်ပါတယ်။သူစိတ်ဓာတ်ကျနေချိန်မှာမျိုးတစ်ယောက်ထဲ နေခွင့်အချိန်ခဏပေးလိုက်ပါ။ လူတိုင်းမှာ တစ်ယောက်ထဲနေချင်တဲ့ ဒီလိုအချိန်မျိုးရှိတတ်ကြလို့ပါ။

(၈) ပျော်စရာအမှတ်တရလေးတွေတူတူ ဖန်တီးပါ။

ချစ်သူစုံတွဲအနေနဲ့ ချစ်သူသက်တမ်းတစ်လျှောက် အကောင်းအဆိုးအချိန်တွေတူတူဖြတ်ကျော်လာခဲ့ပေမယ့် ပျော်စရာအမှတ်တရလေးတွေကျန်ခဲ့ဖို့လည်း လိုပါတယ်။ ဥပမာ ခရီးထွက်တာ ၊ ဂီတ၊အကတွေ အတူတူသင်ယူတာ ပျော်စရာကောင်းတဲ့ အရာလေးတွေအတူတူဖန်တီးသင့်ပါတယ်။ ဒါမှသာ သင်တို့အချစ်ရေးက ခိုင်မြဲမှာပါ။

ချစ်သူစုံတွဲတိုင်း အိုအောင်မင်းအောင်လက်တွဲနိုင်ကြပါစေနော်။  

Ref: Brightside

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။