ဇနီးဖြစ်သူကိုယောက်ကျားမှဒါးဖြင့်ခုတ်သတ်မှုဖြစ်

အမှုမှာ ၁၇ - ၁၁ - ၂၀၁၆ ရက်နေ့ ၁၄၃၀ ချိန်ဖြူးမြို့ ႍမရဲစခန်း၏အနောက်တောင်ဘက်(၃)မိုင်ခန့်အကွာရှိပိန္နဲခုံကျေးရွာ၌ထိုနေ့မနက်ကတောင်ပေါ်သို့ထင်းခုတ်ထွက်သွားသောလင်ယောက်ကျားဖြစ်သူ(တရားခံ)မင်းမင်းစိုး(၂၅)နှစ်ကျဘမ်းလုပ်ပိန္နဲခုံကျေးရွာခင်တန်းကြီးကျေးရွာအုပ်စုဖြူးမြို့နယ်နေသူသည်တောင်ပေါ်မှနေအိမ်သို့ပြန်ရောက်ချိန်၌ဇနီးဖြစ်သူမှာလင်ယောက်ကျားကိုဂရုမစိုက်ဘဲဖုန်းပြောနေသည့်အပြင်နင့်ကိုမပေါင်းနိုင်ဘူးကွာမယ်ဟုပြောသဖြင့်ဒေါသမထိန်းနိုင်ဘဲထင်းခုတ်ရာတွင်အသုံးပြုသောဓါးမဖြင့်အိမ်နောက်ဖေးခြံစည်းရိုးအနီး၌အရိုးအသွား(၁၈)လက်မခန့်ရှိဒါးဖြင့်ခုတ်ခဲ့သောကြောင့်ဇနီးဖြစ်သူအေးအေးအောင်(၂၄)နှစ်တွင်ဝဲရင်ညွန့်ပြတ်ရှဒဏ်ရာ(၁)ချက်လည်ဂုတ်ပြတ်ရှဒဏ်ရာ(၁)ချက်ယာနားထင်နားရွက်အလယ်ပြတ်ရှဒဏ်ရာ(၁)ချက်ဝဲမျက်လုံးအောက်ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိကာအဆိုပါနေရာ၌ပင်သေဆုံးခဲ့ပါသည်။

အမှုဖြစ်စဉ်အားလေ့လာကြည့်ရာတွင်တောင်ပေါ် သို့ထင်းခွေသွားရာမှမောမောနှင့်ပြန်လာသောလင်ယောက်ကျားဖြစ်သူကိုဂရုမစိုက်ပဲဖုန်းပြောနေသည့်အပြင်ကွာရှင်းမည်ဟုပြောဆိုနေသဖြင့်ရုတ်တရက်ဖြစ်ပေါ်လာသောဒေါသစိတ်ကိုထိန်းချုပ်နိုင်ခြင်းမရှိပဲပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းသုံးသပ်ရရှိပါသည်။

မှုခင်းဖြစ်စဉ်သတင်းကိုရရှိလျှင်ရရှိခြင်းဖြူးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးစံဝေ၏အနီးကပ်ကြီးကြပ်မှုဖြင့်ဖြူးမြို့မရဲစခန်းမှူးဒုရဲမှူးစံလှနှင့်တပ်ဖွဲ့ဝင်များမှအခင်းဖြစ်အရပ်သို့အချိန်နှင့်တစ်ပြေးညီသွားရောက်ခဲ့ပြီးပြစ်မှုကျူးလွန်သူကိုသက်သေခံပစ္စည်းနှင့်အတူကောင်းမွန်ဖမ်းဆီးရမိခဲ့ပြီးရဲလုပ်ငန်းပိုင်းဆိုင်ရာများကိုဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

Credit - ရဲဇာနည်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။