ယုန်ကျွန်းလို့ လူသိများတဲ့ အိုခွန်နိုရှီးမားကျွန်းဟာ ဂျပန်နိုင်ငံ၊ တာဟာရာမြို့တော်အနီးက ကျွန်းသေးသေးလေးတစ်ခုဖြစ်ပါတယ်။ ကျွန်းရဲ့အဓိကဆွဲဆောင်မှုကတော့ ထိုကျွန်းပေါ်မှာ ချစ်စရာအလွန်ကောင်းတဲ့ ယုန်လေးတွေရှိနေလို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ယုန်ချစ်သူများ မကြာခဏသွားရောက်လည်ပတ်တဲ့ နေရာတစ်ခုဖြစ်နေပါတယ်။ ကျွန်းပေါ်မှာရှိတဲ့ ယုန်အရေအတွက်ဟာ အ့ံသြဖွယ်အောင်များပြားလွန်းတာကြောင့် ဆန်းကြယ်လှပါတယ်။ ပညာရှင်တချို့ကတော့ ယခုလိုယုန်အရေအတွက် အများအပြားမျိုးပွားနိုင်ခြင်းဟာ ဓာတုလက်နက်စက်ရုံကထုတ်တဲ့ ဓာတုပစ္စည်းများကြောင့် ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ (၁၉၂၉)ခုနှစ်နဲ့(၁၉၄၅)ခုနှစ်ကြားကာလများမှာ ဂျပန်တပ်မတော်ဟာ ဓာတုအဆိပ်တန်ချိန်ပေါင်း (၆၀၀၀)ကျော်ကို အိုခွန်နိုရှီးမားကျွန်းပေါ်မှာ ထုတ်လုပ်ခဲ့ပီး လူအများထံသတင်းပေါက်ကြားမှုမှ ကာကွယ်ရန်အတွက် ထိုကျွန်းအား ဂျပန်နယ်နိမိတ်မြေပုံကနေတောင် ထုတ်ပယ်ခဲ့ပါသေးတယ်။

အာ့အချိန်တုန်းက ယုန်အုပ်စုကြီးဟာ ကံမကောင်းစွာနဲ့ အဆိပ်လက်နက်ထုတ်လုပ်ခြင်းကို စမ်းသပ်ခံရန်အတွက် ကျွန်းသို့ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အခုအချိန်မှာတော့ လက်နက်စက်ရုံမရှိတော့ပဲ လက်ကျန်ယုန်ကလေးများစွာရှိနေတာကြောင့် လည်ပတ်သူများစွာ လာရောက်ကြတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ်။ ယုန်ကလေးတွေဟာ နေရာအနှံ့မှာရှိနေပီး သူတို့ကိုအစာကျွေးမည့််သူများကို စောင့်မျှော်နေတတ်ပါတယ်။ 

ယုန်လေးတွေဟာ အလွန်ယှဉ်ပါးပီး ချစ်ဖို့ကောင်းလွန်းလှတာကြောင့် ယုန်ချစ်သူများဟာ လာရောက်လှည်ပတ်ပီးရင် မပြန်ချင်တော့ဘူးလို့ သိရပါတယ်။ အခြားအန္တရာယ်ပေးနိုင်တဲ့ မည်သည့်အကောင်မှမရှိသည့်အတွက် ယုန်လေးများဟာ ကျွန်းပေါ်မှာ လွတ်လပ်စွာ သွားလာလှုပ်ရှားနေကြပါတယ်။ ကမ်းစပ်တွင်လည်း ယုန်ကျွန်းအမှတ်တရ ယုန်ခေါင်းစွပ်လေးများ ရှိနေတဲ့အတွက် အမှတ်တရ ဓာတ်ပုံရိုက်သူများဖြင့် အမြဲစည်ကားလျက်ရှိနေပါတယ်။  

Source - Sixth Sense 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။