အမှတ်တမဲ့ကြည့်လိုက်ရင် ဓာတ်ပုံပညာနဲ့ ပြုပြင်ဖန်တီးထားတယ်လို့ ထင်ရပေမဲ့ တစ်ကယ်တော့ ပုံမှာမြင်ရတဲ့အတိုင်း ပန်းအစစ်ပဲဖြစ်ပါတယ်။သဘာဝအတိုင်း ထူးဆန်းစွာ ပွင့်ဖူးလာတဲ့ ဒီပန်းရဲ့အလှက မြင်ရသူတိုင်းကို တအ့ံတသြဖြစ်စေခဲ့ရပါတယ်။အခုလိုထူးဆန်းလှတဲ့ ပြည့်တန်ဆာပန်းရဲ့ သိပ္ပံအမည်ကတော့ Pschotria Elata လို့ခေါ်ပါတယ်။အပူ့ပိုင်းဒေသတွေဖြစ်တဲ့ ကော်စတာရီကာ၊ပနားမားနဲ့ကိုလံဘီယာတို့လို နိုင်ငံမျိုးတွေမှာ အလေ့ကျ ပေါက်ရောက်လေ့ရှိပါတယ်။

ဒေသခံတွေကတော့ အဆိုပါပန်းကို Hooker’ s Lips (ပြည့်တန်ဆာနှုတ်ခမး်) လို့သာအလွယ်တကူခေါ်ကြပါတယ်။အနီရဲရဲနှုတ်ခမ်းထူထူ နှစ်လွှာနဲ့တူတဲ့ ဒီပန်းတွေဟာ ပန်းပွင့်ပုံစံထက် ပွင့်ဖတ်တွေနဲ့ ပိုတူတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ နောက်ထပ်ထူးခြားချက်တစ်ခုအနေနဲ့ ပွင့်ဖတ်တွေထဲမှာ အဖြူရောင်ပန်းပွင့်လေးတွေ ကြီးထွားနေတာကို မြင်ရမှာဖြစ်ပါတယ်။

သူရဲ့အသီးဟာ ဘဲဥပုံဘယ်ရီသီးလိုမျိုးဖြစ်ပီး ရင့်လာတဲ့အခါမှာတော့ အနက်ရောင် ဒါမှမဟုတ် အပြာရောင်အဖြစ်ပြောင်းလဲသွားတတ်ပါတယ်။သို့ပေမယ့် ယခုလိုအ့ံသြစရာကောင်းလှတဲ့ ပြည့်တန်ဆာနှုတ်ခမ်းပန်းဟာ မျိုးသုန်းပျောက်ကွယ်လုနီးပါးဖြစ်နေပါတယ်။ သစ်တောပြုန်းတီးမှု ၊ ပန်းအလှစိုက်သူများပြားလာခြင်းတို့ကြောင့် တဖြည်းဖြည်းရှားပါးလာပါတော့တယ်။

Source : Sixth Se 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။