ရုံးပိတ်ရက်တွေမှာပဲဖြစ်ဖြစ်၊ အိမ်မှာ ရှိနေတဲ့ အချိန်လေးပဲဖြစ်ဖြစ် ၀က်ခြေထောက်စွပ်ပြုတ် လုပ်စားလို့ ရနိုင်မဲ့ နည်းလမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အမှန်တကယ်တော့ အလွယ်တကူ ခေါ်နေလို့လား၊ အကျင့်ဖြစ်နေလို့လား တော့ မသိပေမဲ့ စွပ်ပြုတ်လုပ်တဲ့အခါမှာ ၀က်ခြေထောက်လို့သုံးလိုက်ရပေမဲ့ ၀က်လက်က ပိုကောင်းပြီး အရသာ ရှိပါတယ်။ ဒါ့ကြောင့် ဒီတစ်ခါတော့ ၀က်လက်စွပ်ပြုပ်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

၀က်လက်စွပ်ပြုတ်လုပ်ဖို့ စဉ်းစားပြီးနောက် ၀က်လက်ဝယ်တဲ့အခါမှာ အကောင်းဆုံးကတော့ ဆိုင်မှာကတည်းက တစ်ခါတည်း ခုတ်ခဲ့တာအကောင်းဆုံးပါဘဲ။

ပြုလုပ်ပုံအဆင့်ဆင့်

- ၀က်လက်များကို ရေစင်စင်ဆေးပြီး ဆားနဲ့နယ်ထားပါ။

- အိုးထဲကို သကြားနည်းနည်းထည့်ပြီးလှော်ပါ။ (အညိုရောင် သကြား/ သဘာဝ သကြားကို သုံးတာ ကျန်းမာရေးအတွက် ပိုပြီး သင့်တော်ပါတယ်။)

- သကြားအရောင်ညိုလာတဲ့အခါ ဆေးထားတ ဲ့အတုံးတွေထည့်မွှေပါ။

- ပြီးရင် ရေထည့်ပြီး နူးအောင်တည်ပါ။

- စပါးလင်၊ ဂျင်းနှစ်သက်ရင် ကို ထောင်းပြီးထည့်ပါ။ နှစ်ခုစလုံးလည်း ထည့်နိုင်သလို ဘာမှမထည့်လည်း ရပါတယ်။ နာနတ်ပွင့်ထည့်ပြုတ်လည်းရပါတယ်။

- နူးရင် အရသာမြည်းပါ။ စိတ်ရှည်ရှည်နဲ့ နူးအောင် ပြုတ်ဖို့တော့ လိုပါတယ်။

- အငံအရသာအတွက် ဆားဖြစ်စေ၊ ငံပြာရည်ဖြစ်စေသုံးလို့ရပါတယ်။

- ဟင်းရည်ထဲကိုတော့ အချိုမှုန့်နည်းနည်းလေး ထည့်နိုင်ပါတယ်။ (ဟင်းခတ်မှုန့်လည်း အစားထိုး အသုံးပြုနိုင်ပါတယ်။)

- ပြီးရင် ကြက်သွန်မြိတ်၊ ရှောက်ရွက်၊ တရုတ်နံနံထည့်ပြီး ငရုတ်ကောင်ခတ်ပါ။

ဒါဆိုရင်တော့ အရသာရှိလှတဲ့ ၀က်လက်စွတ်ပြုပ် ကို စားသုံးနိုင်ပြီပဲ ဖြစ်ပါတယ်။ ကိုယ်တိုင် လုပ်စားကြဖို့လည်း မမေ့နဲ့ဦးနော် ….

သတင်းအရင်းအမြစ် - ဟင်းချက်နည်းများ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။