အမြန်လမ်းတွင် ဟိုင်းလပ်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးသေ၊ ၈ ဦးဒဏ်ရာရ

အမြန်လမ်းမကြီး ၁၅၀ မိုင်အနီးတွင် ယနေ့ (နိုဝင်ဘာ ၁၈ ရက်) နံနက်ပိုင်း ခရီးသည် ၁၆ ဦး လိုက်ပါလာသည့် ဟိုင်းလပ်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး၍ ၈ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဟိုင်းလပ်ယာဉ်မှာ မူကြိုအရွယ် ကလေး ၈ ဦးခန့်နှင့် လူကြီး ၈ ဥိီးခန့်ဖြင် တောင်ငူမြို့မှ နေပြည်တော်ဘက်သို့ ထွက်ခွာလာစဉ် မိုင်တိုင်အမှတ် ၁၅၀ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံအနီးသို့ အရောက် အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့ပြီးမှ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်ရာမှ ယာဉ်မောင်းဖြစ်သူမှာ ကားခေါင်း အတွင်းညှပ်မိ၍ ဆွဲထုတ်မရပဲ မီးလောင်ကျွမ်း သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည်များအနက် ကျား ၃ ဦး မ ၅ ဦး စုစုပေါင်း ၈ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်းသိရသည်။

အခင်းဖြစ်ပွားရာသို့ ဇီးပင်သာ အမြန်လမ်း ရဲတပ်ဖွဲ့ဝင်များနှင့့် ဗောဓိကုန်းအမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက် မီးငြိမ်းသတ် ကူညီခဲ့ကြပြီး ထိခိုက်ဒဏ်ရာ ရရှိသူများအား တောင်ငူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း၊ ဒဏ်ရာရရှိသူများတွင် ကလေးနှစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့မှာ မီးလောင်၍ ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

Source: Eleven Media

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။