"Myanmar Film Academy" Facebook Pageကနေ အမျိုးသားဇာတ်ပို့ဆူအတွက် တစ်ကြိုပြေးနေတဲ့ ဇာတ်ပို့ဆုရှင် သုံးဦးကို ကြေညာခဲ့ပြီး ကြိုတင်မဲပေးရွေးချယ်နိုင်ကြောင်း ကြေညာခဲ့ပါတယ်။

၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု အတွက် တစ်ကြိုဝင်လာတဲ့သူတွေကတော့

၁။ ဇင်ဝိုင်း ( ချစ်လှစွာသောအမုန်း )

၂။ နေမင်း ( လူးရတနာသိုက် )

၃။ ထွန်းထွန်း ( အုတ်ကြားမြက်ပေါက် )

မဲပေးရွေးချယ်တာကို နိုဝင်ဘာ၂၀ ( တနင်္ဂနွေနေ့ ) ည ၁၂ နာရီ မတိုင်ခင် မဲပေးရွေးချယ်ရမှာဖြစ်ပြီး ရွေးချယ်နိုင်တဲ့ပုံစံကတော့

" 1 Like = 1 Vote

1 comment = 2 Vote

1 share = 3 Vote ပဲဖြစ်ပါတယ်။

Like တစ်ခါလုပ်ရင် Vote တစ်ခု ဖြစ်ပြီး

Comment တစ်ကြောင်းကို 2 Vote ပါ။

Share တစ်ခါလုပ်ရင်တော့ 3 Vote ပါ။

Account တစ်ခုတည်းကနေ Comment အကန့်အသတ်မရှိပေးနိုင်သလို အကန့်အသတ်မရှိ Share နိုင်ပါတယ်။ " လို့ ရေးသားထားခဲ့ပါတယ်။

ဒါ့အပြင် နိုဝင်ဘာ၁ရရက်နေ့က အမျိုးသားဇာတ်ပို့ဆုစာရင်းမှာ မထင်မှတ်ဘဲ သရုပ်ဆောင်တစ်ဦးတိုးလာနိုင်တယ်လို့ ကြေညာခဲ့ပြီး ဘယ်သူဘယ်ဝါဆိုတာကိုတော့ မကြာမီအချိန်အတွင်း ထုတ်ပြန်ကြေညာပေးသွားမယ်လို့ သိရပါတယ်။

Source : Myanmar Film Academy

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။