ပရိသတ်အချစ်တော်နန်းဆုရတီစိုးဟာဘုတ်ပြင်းမြို့မှာပရိသတ်တွေကိုသွားရောက်ဖျော်ဖြေခဲ့ပြီးအပြန်လမ်းမှာအခက်ခဲကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ဘုတ်ပြင်းမြို့မှာညပိုင်းသီဆိုဖျော်ဖြေခဲ့ပြီးနောက်ပွဲတစ်ပွဲအတွက်ခရီးဆက်ခဲ့ရာညသန်းခေါင်အချိန်ကြီးမှာအခုလိုဒုက္ခကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ဘုတ်ပြင်းမြို့ကထွက်တော့ညသန်းခေါင်ဖြစ်နေပြီး၊အချိန်က(၂)နာရီထိုးနေပါပြီလို့ဆိုပါတယ်။နန်းဆုတို့စီးလာတဲ့ကားဟာည(၂)နာရီကျော်ကြီးဖုန်းလိုင်းတွေမမိတဲ့နေရာလဲရောက်ရောရွံ့နွံထဲနစ်ခဲ့ပြီးဆက်မောင်းလို့မရတော့ဘူးလို့ဆိုပါတယ်။ကားကဘယ်လိုမှရုန်းလို့မရတော့ပဲညဘက်ကြီးမှောင်မှောင်မဲမဲတောထဲတောင်ထဲကလမ်းပေါ်မှာအခက်ကြုံခဲ့ရတာပဲဖြစ်ပါတယ်။ 

ဖုန်းလိုင်းကမရတော့ဖုန်းဆက်လို့ကလည်းမရဖြစ်ကြပြီးတော်တော်လေးစိတ်ပူခဲ့ရတာပဲဖြစ်ပါတယ်။ကားထဲမှာလဲနန်းဆုရယ်နန်းဆုသူငယ်ချင်းရယ်ကားမောင်းလိုက်ပို့ပေးတဲ့အကိုတစ်ယောက်ရယ်(၃)ယောက်ပဲပါတယ်လို့ဆိုပါတယ်။ဒီသတင်းကိုကြားတဲ့နန်းဆုပရိသတ်တွေလဲအတော်လေးစိတ်ပူခဲ့ကြရတာပဲဖြစ်ပါတယ်။နန်းစုဟာနောက်နေ့ဖျော်ဖြေမယ့်ပွဲလေးအတွက်မနက်(၉)နာရီလေယာဉ်နဲ့ရန်ကုန်ကိုပြန်ပြီးရန်ကုန်ကနေမှတစ်ဆင့်မန္တလေးကိုသွားရမှာပဲဖြစ်ပါတယ်။"မနက်မြိတ်ကနေရန်ကုန်သွားမယ့်လေယာဉ်မမှီရင်ရန်ကုန်ကနေမန္တလေးသွားမယ့်လေယာဉ်လည်းလွတ်၊မန္တလေးမှာလက်ခံထားတဲ့ပွဲလည်းမျက်နှာပျက်ရမှာမို့စိတ်ညစ်ပြီးငိုပါငိုချင်သွားတယ်"လို့သူမရဲ့လူမှုကွန်ယက်မှာသူမကြုံခဲ့ရတဲ့ဒုက္ခတွေနဲ့ပတ်သက်ပြီးရေးသားဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ 

ကံကောင်းစွာနဲ့ပဲခရီးသည်တင်ကားတစ်စီးရောက်လာလို့အကူညီသွားတောင်းတော့ကူညီပေးခဲ့ကြတာပဲဖြစ်ပါတယ်။ရွှံထဲမှာနစ်နေတဲ့နန်းဆုတို့ကားကိုရွှံလမ်းအရှည်ကြီးအတိုင်းတစ်ဖက်ရောက်တဲ့အထိဝိုင်းကူတွန်းပေးကြတယ်လို့ဆိုပါတယ်။ “နန်းဆုတို့ကိုသေချာလေး ကူညီပေးကြတယ့် "ရွှေထားဝယ်" ယာဉ်မှ ကားဆရာနဲ့အဖွဲ့သားများခရီးသည်များကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင့်”လို့သူမလူမှုကွန်ယက်မှာကျေးဇူးတင်ကြောင်းရေးသားခဲ့တာပဲဖြစ်ပါတယ်။အားလုံးသေချာကူညီပေးခဲ့ကြလို့ရန်ကုန်မန္တလေးကိုခရီးဆက်နိုင်ခဲ့တာပါလို့ဆိုပါတယ်။လက်ရှိမှာတော့ပရိသတ်အချစ်တော်နန်းဆုဟာမန္တလေးမှာဖျော်ဖြေဖို့သွားရောက်နေပြီပဲဖြစ်ပါတယ်။နန်းဆုကြုံခဲ့ရတဲ့အခက်ခဲလေးတွေနဲ့ခရီးသည်ပရိသတ်တွေရဲ့အကူအညီများကြောင့်အန္တရာယ်ကင်းကင်းခရီးဆက်နိုင်ခဲ့တဲ့ကြည်နူးဖွယ်အမှတ်တရလေးတွေကိုလဲချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - နန်ဆုရတီစိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။