ကျွန်းလေးရဲ့နာမည်က ဂိုင်အိုလာပါ။အီတလီမြေထဲပင်လယ်ထဲမှာရှိတဲ့နေဗယ်ကျွန်းစုတွေထဲမှာပါ၀င်တဲ့ကျွန်းလေးတစ်ကျွန်းပဲဖြစ်ပါတယ်။ပုံထဲမှာကြည့်လိုက်ရင်ကျွန်းလေးရဲ့ပုံသဏ္ဍာန်ဟာ အလွန်နေချင်စဖွယ်ကောင်းပီး သာယာတယ်လို့ထင်မိကြမှာပါ။တစ်ကယ်တမ်းမှာတော့ဒီကျွန်းလေးဟာ ကျိန်စာတွေ ထူးဆန်းမှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။

ဒီကျွန်းလေးကိုအရင်တုန်းက ပေါ့စီလီပိုကျွန်းလို့ခေါ်ကြပါတယ်။ ပေါ့စီလီပိုဆိုတာ လက်တင်ဘာသာစကားအရ ဂူငယ်လေးလို့အဓိပÜါယ်ရပီး နာမည်နဲ့လိုက်အောင်ပင် ကျွန်းငယ်လေးတစ်ကျွန်းဖြစ်ပါတယ်။ဒီကျွန်းဟာပင်လယ်ကမ်းခြေနဲ့နီးကပ်မှုရှိပီးကမ်းခြေကနေရေကူးသွားရင်တောင် ရောက်နိုင်ပါတယ်။

၁၉ရာစုအစမှာဘုန်းတော်ကြီးတစ်ပါးဟာ ကျွန်းလေးပေါ်ကိုရောက်ရှိလာပီး လောကီဝိဇ္ဇ

ာကျင့်စဉ်များကိုအားထုတ်ပီး ကျွန်းပေါ်မှာနေတဲ့

ငါးဖမ်းသမားများကိုတရားဟောပြောခဲ့ပါတယ်။နောက်ပိုင်းမှာတော့စာရးဆရာနောမန်ဒုကလပ်ဆိုတဲ့သူက ဒီကျွန်းကိုဝယ်ယူခဲ့ပီး အပန်းဖြေဟိုတယ်တစ်ခုတည်ဆောက်ခဲ့ပါတယ်။အဲဒီနောက် ၁၉၂၀ခုနှစ်မှာ ဆွစ်ဟန်ဘလုရန်းဆိုသူကိုရောင်းချခဲ့ပါတယ်။ဆွစ်ဟန်ဘလုရန်း ပိုင်ဆိုင်ပီးတဲ့နောက်မှာတော့ ကောင်းကင်ကြိုးများဖြင့်သွားနိုင်တဲ့ ကောင်းကင်ကားကိုအဓိကကျွန်းစုကြီးနဲ့ ချိတ်ဆက်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာတော့ကျွန်းအနီးရှိနေသူများက ဒီကျွန်းလေးကိုကျိန်စာသင့်နေတဲ့ ကျွန်းလေးအဖြစ်မှတ်ယူလာကြပါတယ်။အကြောင်းကတော့ နားလည်ရခက်တဲ့သေဆုံးမှုများဟာကျွန်းပိုင်ရှင်များထံ ကျိန်စာအဖြစ်ယူဆောင်လာသောကြောင့် ဖြစ်ပါတယ်။ကျိန်စာသင့်အဖြစ်အပျက်များကတော့ ဒီလိုပါ။ 

၁၉၂၀ မှာ ကျွန်းကိုဝယ်ယူခဲ့သော ဆွစ်ဟန်ဘလုရန်းဟာ ခြေသုတ်ခုံအနားမှာ မိမိကိုယ်ကိုဆွဲကြိုးချကာ သတ်သေသွားခဲ့ပါတယ်။ရက်အနည်းငယ်အကြာမှာတော့ သူ့မိန်းမဟာ ပင်လယ်ထဲကိုခုန်ချပီး သတ်သေသွားခဲ့ပြန်ပါတယ်။ ပိုင်ရှင်နောက်တစ်ဦးဖြစ်တဲ့ ဂျာမနီနိုင်င်ငံသား အိုတိုဂရန်ဘတ်ဆိုသူဟာလည်း ဒီကျွန်းပေါ်တည်းခိုနေရင်း နှလုံးသွေးရပ်ကာ သေဆုံးသွားခဲ့ပါတယ်။ဒီလိုဖြစ်ရပ်နဲ့အတူကျွန်းပေါ်ကစက်ရုံပိုင်ရှင်တစ်ဦးဖြစ်သူ မာကျူရီယန်း ဆန်းဒစ်ဆိုသူဟာလည်း အဲဒီမှာတည်းခိုရင်း နှလုံးရှောခ့်ဖြစ်ကာ ဆေးရုံမှာကုသထားရာကနေ မိမိကိုယ်ကိုမိမိ ဆေးထိုးပီးသတ်သေသွားခဲ့ပြန်ပါတယ်။နောက်ပိုင်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ပဲဂယ်တီဆိုရင် ပြန်ပေးဆွဲခံရပီး ပြန်ပေးသမားများ နှိပ်စက်ရာကနေ လက်လွန်သွားခဲ့တာကြောင့် သေဆုံးသွားခဲ့ပြန်ပါတယ်။နောက်ဆုံးပိုင်ရှင်ဖြစ်တဲ့ ဂျာရန်ပစ်တွီဂျူးဂရပ်ပွန်းဟာလည်း ကုမÜ

ဏီအပိတ်ခံရပီးထောင်ကျသွားခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာကျွန်းပေါ်မှာ လာရောက်တည်းခိုတဲ့ သူဋ္ဌေး ဖရန်ကို အန်ဘရိုစီအိုနဲ့ သူ့ရဲ့ဇနီးတိူ့အသတ်ခံရအပီးမှာတော့ သတင်းစာတစ်စောင်က “ ဂိုင်အိုလာကျိန်စာ” ဆိုပီး သတင်းတစ်ပုဒ်ရေးပီးတဲ့နောက်ပိုင်းမှာတော့ ဒီကျွတ်းမှာဘယ်သူမှမနေရဲကြတော့ပါဘူး။ယခုလိုထူးဆန်းတဲ့ကျိန်စာတွေနဲ့အတူသေဆုံးမှုတွေရှိနေခဲ့တဲ့အတွက် ထိုကျွန်းကိုလှေလေးနဲ့အလွယ်တကူလှော်ခတ်သွားနိုင်ပေမဲ့ ဘယ်သူမှမသွားရဲခဲ့ကြပါဘူး။သဘာဝတရားအလှအပတွေနဲ့ပြည့်နှက်နေပေမဲ့ ထိတ်လန့်ဖွယ်ကောင်းလှတဲ့အဖြစ်အပျက်တွေကြောင့်လူအများစုက ထိုကျွန်းလေးကို ကျိန်စာသင့်နေတဲ့ ကျွန်းလေးဟုသာခေါ်နေလျက်ပါပဲ။

Source : Sixth Sense

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။