အသက် ၃ဝနှစ်အရွယ်ရှိ Jeff Leeဟာ လက်ရှိ ကမ္ဘာမှာ အချောဆုံးအလှဆုံး Missတွေကို ထိပ်တန်းစာရင်းဝင်ဖြစ်အောင် လုပ်ပေးနိုင်ခဲ့သူတစ်ဦးပါ။ သူဟာ စတန်းဖို့်ဒ်တက္ကသိုလ်ကနေ ဥပဒေပညာနဲ့ ဘွဲ့ရထားပြီး အချောဆုံး အလှဆုံးအမျိုးသမီးတွေကို စံချိန်စံညွှန်းနဲ့ကိုက်ညီအောင် သင်ကြားပြသပေးရတာက သူ့ဝါသနာလို့ဆိုပါတယ်။ 

သူဟာ Miss Albania, Miss China, Miss Indonesia အပါအဝင် အခြားသော Miss များကို သရဖူဆောင်းနိုင်အောင် ငါးနှစ်အတွင်းလုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူသင်ကြားပြသလိုက်တဲ့ Missတိုင်းဟာ Semi Final အဆင့်ထိ ရောက်ရှိခဲ့တာချည်းပဲဖြစ်ပါတယ်။ 

သူဟာ Mr.Miss Universe ဆိုတဲ့ အမည်ပြောင်ကို ရရှိခဲ့ပြီး အတန်းပညာမှာလဲထူးချွန်ခဲ့သူဖြစ်ပါတယ်။ အသက် ၁၆နှစ်အရွယ်မှာ စတန်းဖို့ဒ်တက္ကသို်လ်ကို ဝင်ရောက်ခွင့် ရရှိခဲ့ပြီး တက္ကသိုလ်ကျောင်းသားပထမနှစ်မှာပဲ Miss တွေကိုလေ့ကျင့်ပေးရာ အဖွဲ့အစည်းကို အလုပ်သင်အနေနဲ့ ဝင်ရောက်လျှောက်ထားရာမှာ နေရာမရခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ဇွဲမလျှော့ဘဲ Websiteထောင်ခဲ့ပြီး လအနည်းငယ်အကြာမှာ Miss Venezuela မယ်ဖြစ်သူရဲ့ အဖေကနေ Emailတစ်စောင်လက်ခံရရှိခဲ့ပါတယ်။ သူ့ရဲ့အကြံပေးမှုကြောင့် ဗင်နီဇွဲလားမယ်ဟာ Miss Universeဆုကို ရရှိခဲ့ပြီး Leeရဲ့ ပထမဆုံးအောင်မြင်မှုဖြစ်ခဲ့ပါတယ်။ 

Leeဟာ Missတွေကို သင်ကြားပေးတဲ့နေရာမှာ အားမနာတမ်းပြောဆိုတတ်ပြီး ခန္ဓာကိုယ်အနေအထား၊ မျက်နှာ၊ လမ်းလျှောက်ပုံကို အသေးစိတ်ပြောပြနိုင်သူဖြစ်ပါတယ်။ သူဟာ Missတစ်ယောက်ကို တွေ့လိုက်တာနဲ့ လိုအပ်တဲ့ အချက်တွေ ဒိုးဒိုးဒေါက်ဒေါက်ပြောနိုင်ပြီး ကမ္ဘာ့အလှမယ်တစ်ယောက်ဖြစ်ဖို့ စံချိန်စံညွှန်းတိုင်းကို နောကြေနေသူလဲဖြစ်ပါတယ်။

Source : nextshark

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။