နာမည်ကျော် ဟစ်ဟော့အဆိုတော် ယုန်လေးကတော့ သူကြိုက်တဲ့မင်းသားနဲ့ ဆုံတုန်း အမှတ်တရ ဆက်ဖီဆွဲထားပါတယ်။

သူအကြိုက်ဆုံးမင်းသားလွင်မိုး နဲ့ ဆုံတုန်း အမှတ်တရဓာတ်ပုံရိုက်ပြီး ဖေ့ဘုတ်စ်ပေါ် မျှဝေထားတာတွေ့ရပါတယ်။

မိုးတိမ်ကဗျာ ၊ အချစ်အတွက် ကံမကောင်းခဲ့သူ စတဲ့ သီချင်းလေးတွေနဲ့ လူကြိုက်များခဲ့တဲ့ ယုန်လေးဟာ လူငယ်ပရိသတ်တွေရဲ့အားပေးမှုတွေရရှိထားပါတယ်။

အဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာပါ မစိမ်းတဲ့ ယုန်လေးဟာ နာမည်ကြီးမင်းသား မြင့်မြတ် နဲ့ Original Gangster ဇာတ်ကားမှာ ပါ၀င်သရုပ်ဆောင်ထားပါတယ်။

ပျော်ပျော်နေတတ်ပြီး ပွင့်လင်းတဲ့သူ့ရဲ့ အပြောအဆိုအနေထိုင်တွေကြောင့် လူမှုကွန်ရက်မှာ ပရိသတ်တွေကို သဘောကျအောင်လုပ်နိုင်သူတစ်ဦးဖြစ်ပါတယ်။

လက်တလောမှာတော့ သူကြိုက်တဲ့မင်းသား တစ်ချိန်က လျှမ်းလျှမ်းတောက်နာမည်ကြီးခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် လွင်မိုး နဲ့ ပုံလေးမှာ သူကြိုက်တဲ့ဇာတ်ကားတွေကို အခုလိုရေးသားထားပါတယ်။

""ငယ်ငယ်ထဲက ကျွန်တော် အကြိုက်ဆုံးမင်းသား

အခုချိန်ထိ တစ်ကားလုံး မှတ်မိနေသေးတာ

*အပြင်းစား ရိုက်ချက်*

အဖော် ရင်အောင် တိုက်ကား

ငါသွားနေတဲ့ ချောင်းသာလမ်းမှာ ပဲခူးမြို့မှကြိုဆိုပါ၏

ဆိုင်းဘုတ်က ဘယ်လိုရောက်လာတာလဲ haa haa haa

* ပြန်ပြောပြ ဖိုု့တော်တော် ခက်လိမ့်မယ် *

* အချစ်ကို စားသောကိန်း ဂဏန်းများ *

* မိုက်တီးလေးများ *

အဲ့ခေတ်က တကယ်ကြိုက်ခဲ့တဲ့ ကားတွေပါ။"" လိုု့ဆိုပါတယ်။ 

Source : KyawphoneAung fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။