ယနေ့ နိုဝင်ဘာ(၂၂)ရက်နေ့ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးဖြစ်တဲ့ ဆောင်းဟေဂိုရဲ့ မွေးနေ့ရက်လေး ဖြစ်ပါတယ်..။

အာရှရဲ့ နတ်သမီးလို့တောင် တင်စားခေါ်ဝေါ်ခံထားရတဲ့ မင်းသမီးချောလေး ဆောင်းဟေဂိုကတော့ အမျိုးသားပရိသတ်တွေသာမက အမျိုးသမီးပရိသတ်အများအပြားရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်..။

သူမရဲ့ ဒီနေ့ မွေးနေ့လေးမှာတော့ မွေးနေ့အမှတ်တရလေးအဖြစ် သူမရဲ့ အကြောင်းလေးတွေကို ပရိသတ်တွေအတွက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်..။

ပြည်သူ့အချစ်တော် မင်းသမီးချောလေး ဆောင်းဟေဂိုကို (၁၉၈၁)ခုနှစ် နိုဝင်ဘာ(၂၂)ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်..။

ဒီနေ့ နိုဝင်ဘာ(၂၂)ရက်နေ့ကတော့ မင်းသမီးချောလေး ဆောင်းဟေဂိုရဲ့ အသက်(၃၆)နှစ်ပြည့် မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

သူမရဲ့ မွေးနေ့လေးမှာ ခင်ပွန်းဖြစ်သူ မင်းသားဆောင်ဂျွန်ကီကလည်း အခုလို မွေးနေ့ ဆုတောင်းစကားလေး ပြောပေးထားတာ တွေ့ရပါတယ်..။

“happy Birthday to the love of my life. My happiness. My most treasured wife.” လို့ သူ့ရဲ့ ဆိုရှယ်မီဒီယာဖြစ်တဲ့ Twitter မှာ birthday wish လုပ်ထားတာ ဖြစ်ပါတယ်..။

သူမဟာ မော်လ်ဒယ်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကာ ဆုရရှိခဲ့ပြီး အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်..။

အနုပညာမှာ ထူးချွန်တဲ့ သူမဟာ အနုပညာလောကထဲ ဝင်ရောက်ပြီးနောက်ပိုင်မှာလည်း ရုပ်ရှင်ဆုများစွာကိုလည်း ရရှိပိုင်ဆိုင်ခဲ့ပြီး အောင်မြင်ကျော်ကြားတဲ့ မင်းသမီးတစ်ဦး ဖြစ်လာခဲ့ပါတယ်..။

ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ရုပ်ရှင်ဇာတ်ကားမှာ “အွန်စော” အဖြစ် တောင်ကိုရီးယားနိုင်ငံမှာသာမက အာရှနိုင်ငံနဲ့ မြန်မာပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်..။

နိုင်ငံရဲ့ အချစ်တော် မင်းသမီးအဖြစ် အသိအမှတ်ပြု သတ်မှတ်ခံထားရတဲ့ မင်းသမီးချောလေး ဆောင်းဟေဂိုဟာ အနုပညာလောကမှာ (၁၀)စုနှစ်အတွင်း အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်အဖြစ် ရပ်တည်နေတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်..။

ပြည်သူ့အချစ်တော် မင်းသမီးချောလေး ဆောင်းဟေဂိုဟာ ပြီးခဲ့တဲ့ အောက်တိုဘာ(၃၁)ရက်နေ့မှာ ပရိသတ်အချစ်တော် မင်းသားတစ်လက်ဖြစ်တဲ့ ဆောင်းဂျွန်ကီနဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ ရှီလာဟိုတယ်မှာ လက်ထက်ခဲ့ပါတယ်..။

သူမတို့ရဲ့ မင်္ဂလာလက်ထက် သတင်းကောင်းလေးအတွက် တောင်ကိုရီးယားနိုင်ငံနဲ့ ပြည်ပနိုင်ငံများမှ ပရိသတ်တွေကပါ ဝမ်းသာပျော်ရွှင်ခဲ့ရပြီး နတ်ဖက်တဲ့ စုံတွဲအဖြစ် ချီးကျူး ဂုဏ်ပြုပေးခဲ့ကြပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။