မင်းသမီး Aum Patchrapa ဟာ မင်းသမီး Davika လိုပဲ ထိုင်းနိုင်ငံ ရဲ့ ထိပ်တန်းမင်းသမီး တစ်လက်ပါ။ သူမဟာ ရုပ်ရှင်ဇာတ်ကား တိုင်းကို ရိုက်ကူးဖို့ လက်ခံလေ့မရှိပါဘူး။ တစ်နှစ်ကို တစ်ခါပဲ ဒရမ်မာ ဇာတ်ကား ရိုက်ဖို့ ကမ်းလှမ်းတာကို လက်ခံရိုက်ကူးလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ သူမပါ၀င်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်း Plerng Phranang ကို Thai Channel 7 မှာ ထုတ်လွှင့်ခဲ့ပါတယ်။ ကြည့်ရှုသူ ပရိသတ်တွေ အလွန်နှစ်သက်ခဲ့ကြပါတယ်။

အဲ့ဒီ့ဇာတ်ကား ဟာ ဒီနှစ် အတွင်း ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၁၀၀ ထဲမှာ လူကြိုက်အများဆုံးစာရင်းဝင်ခဲ့ပါတယ်။ မင်းသမီး Aum Patchrapa က သူမ အနေနဲ့ နောက်ထပ်ရုပ်ရှင်အသစ်မှာ ပါ၀င်သရုပ်ဆောင်ဖို့ ထုတ်လုပ်သူတွေနဲ့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အတည်ပြုခြင်းတော့ မရှိသေးပါဘူး။ မင်းသမီး အနေနဲ့ အတည်ဖြစ်ပြီဆိုရင် ပရိသတ်ကို ထုတ်ပြောမယ် လို့သိရပါတယ်။

သူမ မှာ ချစ်သူရှိပါပြီ။ သူမ ရဲ့ ချစ်သူ နာမည် ကတော့ Hi-So Fluke ပါ။ သူမ အနေနဲ့ သူမ ရဲ့ ချစ်သူ နဲ့ သိပ်မတွေ့ဖြစ်ကြဘူးလို့ ၀န်ခံပြောကြားခဲ့ပါတယ်။ အကြောင်းက သူမတို့ နှစ်ယောက်စလုံး အလုပ်ရှုပ်နေကြလို့ပါ။ သူမ အချိန် အားတိုင်း သူမရဲ့ ချစ်သူ အပါအဝင် သူငယ်ချင်းတွေ နဲ့ ပါ ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံလေ့ရှိပါတယ်။

Source: Thai Entertainment News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။