မော်ဒယ်သရုပ်ဆောင်ပိုးအိအိခန့်တစ်ယောက်ကတော့ ဘုရားတရားကိုင်းရှိုင်းသူလေး တစ် ဦးပါ။ သူမဟာအချိန်မှ ပုတီးစိတ်ဘုရားရှိခိုးတာတွေပြုလုပ်ပြီး လိမ္မာရေးခြားရှိတဲ့ မင်းသ မီး တစ်ဦးလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေရပြီး ပရိတ်သတ်ချစ်ခင်အား ပေးတဲ့ တက်သစ်စမင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာဇာတ်ရုပ်ကို ပီပြင်အောင် သ ရုပ်ဆောင်နိုင်ပြီး အလွမ်းအဆွေးအငိုခန်းတွေမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ မင်းသမီးတစ်ဦး လည်းဖြစ်ပါတယ်။ သူမရဲ့အေးချမ်းတဲ့ အမူအရာနဲ့ မျက်နှာထားလေးကြောင့် ပရိတ်သတ် တွေက ချစ်ခင်အားပေးနေကြတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်က သူမရဲ့ Facebook စာမျက်နှာထက်မှာ သူမရဲ့ချစ်စဖွယ်တူလေးက သူမနဲ့ အတူ ပုတီးစိပ်တယ်ဆိုပြီးတင်ထားပါသေးတယ်။ ဖြူဖြူလုံးလုံးလေးနဲ့ အရမ်းကိုချစ်စရာကောင်း တဲ့ကလေးလေးပါပဲ။ သူမဟာယောဂီဝတ်စုံလေးဝတ်ကာ ပုတီးကိုဆွဲပြီး မတ်တပ်အနေအ ထားနဲ့ ဓာတ်ပုံရိုက်ကူးခဲ့တာဖြစ်ပါတယ်။ သူမရဲ့ပုံစံလေးကအေးချမ်းတည်ငြိမ်းပြီး အပြစ်ကင်း တဲ့ပုံစံလေးမို့ မြင်ရသူတွေရင်ထဲကို ကြည်နူးမှုတွေရရှိစေပါတယ်။ အလုပ်တွေနဲ့ မအားလပ် တဲ့ကြားက ဘုရားတရားကို ပုံမှန်လုပ်ဖြစ်ပြီး ရိုသေကိုင်းရှိုင်းတဲ့မင်းသမီးတွေထဲကတစ် ယောက်အပါအဝင်ပါပဲ။

သူမရဲ့ယောဂီဝတ်စုံနဲ့အေးချမ်းတဲ့ပုံရိပ်လေးကို Facebook မှာတင်ထားပြီး အတုကိုအစစ် ထင်ပြီး ဆုပ်ကိုင်ထားနေလို့ကတော့ အစစ်နဲ့ဝေးနေကြရဦးမှာပါပဲ #အရှင်ပညောဘာသ (ဗန်းမော်) ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ဘုရားရဲ့အဆုံးအမ တရားရဲ့အဆုံးအမ သံဃာရဲ့ အဆုံးအမတွေနဲ့မဝေးတဲ့ ယဉ်ကျေးလိမ္မာသူတစ်ဦးဖြစ်ကြောင်းသူမရဲ့စာစုလေးကသက်သေ ပြလိုက်တာပဲဖြစ်ပါတယ်။ ပိုးအိအိခန့်တစ်ယောက် ပိုမိုအောင်မြင်တဲ့မင်းသမီးအဖြစ်ရပ်တည်ပြီး အကယ်ဒမီရွှေစင်ရုပ်ကိုလည်း ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။