နိုဝင်ဘာ ၂၂ ရက်နေ့ဒီနေ့မနက်(၃)နာရီခွဲအချိန်ခန့်တွင်ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်တွင်ဘုရားဖူးယာဉ်တစ်စီးယာဉ်မတော်တဆမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဆိုပါယာဉ်မတော်တဆမှုဖြစ်စဉ်မှာရန်ကုန်မှထွက်လာတဲ့ဘုရားဖူးယာဉ်တစ်စီးဟာမင်္ဂလာဒုံမြို့နယ်၊မင်္ဂလာဒုံစစ်ဆေးရုံရှေ့နိုင်ငံရေးမှတ်တိုင်အနီးတွင်ဆိုင်ကယ်ကိုရှောင်ရာမှလမ်းလယ်တုံးကို ဝင်တိုက်ပြီးမတော်တဆမှုဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ယာဉ်ပေါ်တွင်လိုက်ပါစီးနှင်းလာတဲ့ဘုရားဖူးခရီးသည်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီးကျန်ခရီးသည်(၁၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

အဆိုပါဘုရားဖူးယာဉ်ပေါ်တွင်ဘုရားဖူးခရီးသည်(၃၆)ဦးပါရှိလာတာဖြစ်ပြီးအမျိုးသမီးတစ်ဦးသေဆုံးခဲ့ကာ ကျား (၃)ဦးမ(၉)ဦးစုစုပေါင်း(၁၂)ဦးထိခိုက်ဒဏ်ယာရရှိခဲ့တာဖြစ်တယ်လို့ကနဦးသတင်းများအရသိရပါတယ်။အခင်းဖြစ်ပွားရာသို့ ပုလဲမီးသတ်မှမီးသတ်ကားတစီးလူမှုကူညီရေးအဖွဲ့များမှလူနာတင်ယာဉ်များအခြားအဖွဲ့အစည်းများမှ လာရောက်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့လဲသိရပါတယ်။အဆိုပါဘုရားဖူးကားယာဉ်မောင်းကိုလဲဥပဒေအရဆက်လက်အရေးယူဆောင်ရွှက်သွားမှာဖြစ်တယ်လို့မင်္ဂလာဒုံမြို့နယ်ရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

သတင်းအရင်းအမြစ် - မိုးအောင်(New Watch)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။