“Witch’s Court”! ဇာတ်လမ်းတွဲမှာ အဓိကသရုပ်ဆောင်အဖြစ်ပါ၀င်သော မင်းသမီးဂျောင်ရီဝန် ဟာဆိုရင်ပြီးခဲ့တဲ့InStyleမဂ္ဂဇင်းရဲ့အင်တာဗျူးတစ်ခုမှာတော့သူမပါ၀င်သရုပ်ဆောင်ခဲ့တဲ့ဇာတ်လမ်းတွဲမှဇာတ်ကောင်စရိုက်အကြောင်းကိုဖွင့်ဟပြောကြားခဲ့ပါတယ်။“Witch’s Court”! တဲ့ဇာတ်လမ်းတွဲမှဇာတ်ကောင်မာရီဒမ်ဟာဆိုရင်မိမိကိုယ်ကိုယုံကြည်မှုရှိပြီးရဲရင့်တက်ကြွသောမိန်းကလေးတစ်ယောက်လည်းဖြစ်ပါတယ်။

Source - soompi 

အဆိုပါဇာတ်လမ်းတွဲမှဇာတ်ကောင်စရိုက်ကိုသူမဟာအမှန်တကယ်ချစ်မြတ်နိုးခဲ့တာလည်းဖြစ်ပါတယ်။သူမရဲ့ပြင်ပဘဝဟာအဆိုပါဇာတ်ကောင်စရိုက်နဲ့ဆင်တူနီးပါးကျမယ်ဆိုတာထက်အတော်ကြီးကိုကွဲပြားခြားနားနေတာလည်းဖြစ်ပါတယ်။လူတွေကတော့မာရီဒမ်ရဲ့ဇာတ်ကောင်စရိုက်ဟာသူမနှင့်ထပ်တူကျလိမ့်မယ်ထင်နေကြတာလည်းဖြစ်ပါတယ်။တကယ်ကတော့သူမရဲ့အကျင့်စရိုက်က မာရီဒမ်နဲ့လုံးဝကိုမတူတာပါအလွယ်တကူထိခိုက်ခံစားလွယ်တယ်ကြောက်ရွံ့တွန့်ဆုတ်တတ်သူလည်းဖြစ်ပါတယ်လိုကပြောကြားသွားခဲ့ပါတယ်။

သိုကသော်လည်းအဆိုပါဇာတ်ကောင်စရိုက်ကနေပြိးတော့သူမသင်ယူလေ့လာခဲ့ရတာတွေအများကြီးရှိခဲ့ပါတယ်လို့ပြောကြားထားပါတယ်။မာရီဒမ်ဟာသူမအတွက်အလွန်တစ်ရာကိုမှရင်းနှီးဖို့ကောင်းတဲ့သူငယ်ချင်းတစ်ယောက်လိုဘဲဖြစ်ပါတယ်။မာရီဒမ်ဇာတ်ကောင်ဟာသူမကို စိတ်ဓါတ်အင်အားတွေပေးတဲ့သူမအတွက်စံပြဇာတ်ကောင်တစ်ခုလည်းဖြစ်ပါတယ်လို့ဖွင့်ဟပြောကြားထားပါသေးတယ်။မာရီဒမ်ဆီကနေမျှဝေလက်ခံသင့်တဲ့စကားတစ်ချိုကလည်းရှိပါသေးတယ်လို့ပြောကြားသွားခဲ့ပါသေးတယ်။ “ ကြင်နာတတ်တယ် ဒါပေမဲ့မပျော့ညံ့ဘူး..ကျွန်မဟာအဲ့သည်လိုလူမျိုးတစ်ယောက်ဖြစ်ချင်တာပါ ပြီးတော့ဘဝကိုရိုးရိုးသားသားနဲ့ဖြတ်သန်းချင်တာပါ” လို့ဖြေကြားခြ့ပါသေးတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။