ယခု ပုံမှာ မြင်တွေ့ရတဲ့ အိမ်ကတော့ ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီ နဲ့ သူ့ရဲ့ ဇနီး ဂရေ့စ်တို့ ရဲ့ အိိမ်ပါ။ နန်းတော်ကြီး တစ်မျှ ကြီးကျယ်ခမ်းနားလှတာကို တွေ့ရမှာပါ။ ဒီအိမ်ကို ၄၄ ဧက ရှိတဲ့ မြေပေါ်မှာ တည်ဆောက်ထားပြီး Harare အရပ်မှာတည်ရှိပါတယ်။ ဒီအိမ်ကြီးဟာ တန်ကြေး အမေရိကန် ဒေါ်လာ ၁၀ မီလီယံ ရှိပါတယ်။ အခန်းပေါင်း ၂၅ ခန်းပါ၀င်ပါတယ်။

ဇင်ဘာဘွေ သမ္မတ ရောဘတ်မူဂါဘီ ဟာ အသက် ၉၃ နှစ်ရှိပါပြီ။ သူ့ရဲ့ အိမ်တော်ကြီးမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပါတယ်။ အိမ်တော်ကို ခြံစည်းရိုးတွေ နဲ့ ကာရံထားပြီး လုံခြုံရေး စနစ်အတွက် မီလီယံပေါင်းများစွာ အကုန်ကျခံတည်ဆောက်ထားပါတယ်။ ဓာတ်ပုံတွေ ထဲမှာ အလွန်ကြီးကျယ်ခမ်းနားလှတဲ့ အိမ်တော်ကြီးကို တွေ့မြင်ရမှာပါ။ စကျင်ကျောက်တွေ နဲ့ ခင်းကျင်းထားတဲ့ ကြမ်းပြင်တွေ၊ စျေးအလွန်ကြီးတဲ့ မီးဆိုင်းတွေ နဲ့ အိ်မ်ကပ်ရပ် က ရေကူးကန်တို့ကို တွေ့မြင်ရမှာပါ။

အဲ့ဒီ့ဓာတ်ပုံတွေဟာ ရောဘတ်မူဂါဘီ သူ့ရဲ့ ပါတီ ဖြစ်တဲ့ Zanu-PF ပါတီကနေ ပါတီ ခေါင်းဆောင် အဖြစ် ထုတ်ပယ်ခံရပြီးနောက် ထွက်ပေါ်လာတာပါ။ မူဂါဘီ ဟာ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ပါတီခေါင်းဆောင် အဖြစ်မှ ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။ မူဂါဘီ အနေနဲ့ သူကွယ်လွန်ပြီးနောက် သူ့ရဲ့ ဇနှီး ဂရေ့စ်ကို အာဏာတွေ လွှဲအပ်ခဲ့ဖို့ ကြံစည်နေတယ် လို့ လည်းသတင်းတွေထွက်ပေါ်နေပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။