Makeup Artist တစ်ဦးဖြစ်တဲ့ Hanna Yuri ဟာဆိုရင် သူမရဲ့ကိုင်ပိုင် Makeup သင်တန်းကို ဖွင့်လှစ်ထားတာဖြစ်ပြီး ရက်တိုသင်တန်းတက်ချင်သူတွေအတွက်လည်း သူမကရက်တို သင်တန်း ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ (၁၇) ရက်နေ့က သူမရဲ့ မွေး နေ့ဖြစ်ပြီး မွေးနေ့မတိုင်ခင် နိုဝင်ဘာ (၅) ရက်နေ့မှာ မွေးနေ့အကြိုအလှူအဖြစ် ရန်ကုန်၊ လှိုင်သာယာ စက်မှုဇုန် (၂) ရှိ ဝါဋုကာရာမ ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းမှာ ကလေးငယ်များအတွက် အာဟာရဒါနများ လှူဒါန်းခဲ့ပါသေးတယ်။ ထို့ပြင် ကထိန်သင်္ကန်းနဲ့ ကျောင်းရှိသံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခဲ့ပါသေးတယ်။

သူမရဲ့ပြီးဆုံးခဲ့တဲ့အချစ်ရေးနဲ့ပက်သက်ပြီး အတိုက်အခိုက်တွေကြောင့် စိတ်ဖိစီးခဲ့ရပေမယ့် လက်ရှိမှာတော့ သူမကအောင်မြင်တဲ့ Makeup Artist တစ်ဦးအဖြစ် ရပ်တည်နေနိုင်ပြီပဲ ဖြစ်ပါတယ်။ လာမယ့် နိုဝင်ဘာ ၂၅၊ ၂၆ ရက်နေ့တွေမှာ မော်လမြိုင်ကိုသွားရောက်ပြီး Makeup ရက်တိုသင်တန်း (၂) ရက်ကြာသင်ကြားမှာဖြစ်တယ်လို့သိရပါတယ်။ ဒီသင်တန်း မှာ အခြေခံ Make Up လိမ်းနည်းကစ လို့ သင်ကြားပေးမှာဖြစ်ပြီး Asian korean look (Day makeup) နဲ့ Western makeup look (Night makeup) နှစ်မျိုးကို သင်ကြားပေး မှာဖြစ်ပါတယ်။ Makeup ကိုအဆင်ပြေအောင် မလိမ်းခြယ်တတ်တဲ့ မိန်းကလေးတွေအနေနဲ့ သွားရောက်သင်ကြားသင့်တဲ့ သင်တန်းတစ်ခုပါပဲ။

သူမက မော်လမြိုင်ကိုလာတော့မယ်ဆိုတဲ့အကြောင်းကို သူမရဲ့ Facebook Page မှာ ဒီတစ် ခေါက် မော်လမြိုင် မှာဘာတွေ ထပ်စားရမလဲလည်ရမလဲ 26,26 November တွေ့မယ်နော် Riကကြာကြာ မှလာသင်ဖြစ်တ ဲ့classလေးမို့လာခဲ့ဖို့ဖိတ်ခေါ်ပါရစေ မော်လမြိုင်က ri ကိုသိတဲ့ သူအကောင့်ထဲမှာ ရှိရင်လည်း cm ပေးနှုတ်ဆက်ပေးပါရှင် မော်လမြိုင်နဲ့ အနီးတစ်ဝိုက် မြို့ကညီမအမတို့ကိုလည်းဖိတ် ခေါ်ပါတယ် ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ အစားတစ်လိုင်း လေးနော်။ သူမရဲ့ Makeup သင်တန်းကို တက်ရောက်ချင်တဲ့ မမတို့ ညီမလေးတို့အတွက် တော့ သတင်းကောင်းပဲနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။