မကြာသေးသော အချိန်က စတိတ်ရှိုးမှာ ရမ်းကားတဲ့ သူကြောင့် Bobby Soxer သီချင်းဆိုနေတုန်း အကြောင်းမဲ့စွာဖြင့် ခဲလုံးနှင့် အပေါက်ခံခဲ့ရပါတယ်။ မျက်စိ ကို ထိခိုက်ခဲ့တဲ့ ထက်ထက်တစ်ယောက် ခွဲစိတ်မှုယူရတဲ့ အထိ ပြင်ထန်ခဲ့ပြီး သူမရဲ့ အနုပညာ လှုပ်ရှားမှုတွေကိုလည်း ရပ်နားခဲ့ရပါတယ်။ သူမ ပရိသတ်တွေကိုစိတ်မပူရအောင် သက်သာပြီ လို့ ဆိုခဲ့သော်လည်း ထက်ထက်တစ်ယောက် ခွဲစိတ်မှု ထပ်မံ လုပ်ရဦးမယ်လို့ဆိုလာပါတယ်။

သူမဟာ ယခုတလောမှာတော့ သူမရဲ့ စီးရီး အခွေ 21 ရဲ့ အမ်တီဗီထွက်ဖို့ ပြင်ဆင်နေတယ်လို့ပြောပြီး လာမည့် နေ့ နှစ်ဆန်းပိုင်းတွင် ထွက်မယ်လို့ မှန်းထာပါတယ်လို့ပြောကြားခဲ့ပါတယ်။ တကယ်တော့ 21 ရိုက်ကူးမှု ကြာသွားတာဟာ ထိခိုက်မှုဖြစ်သွားခဲ့လို့ ဖြစ်တယ်လို့ပြောပါတယ်။ မတော်တဆ မှုဖြစ်အောင် လုပ်တဲ့ သူကို ထက်ထက် က ဘာ တရားစွဲဆိုမှုမှ မပြုလုပ်ခဲ့ပါဘူး။

သို့သော်လည်း ထိုလူကြောင့် Bobby Soxer မှာ အနုပညာ လုပ်ငန်းတွေ ရပ်နားခဲ့ပြီး အခတ်မသင့်ရင် မျက်လုံးကွယ်တဲ့ အထိ ဖြစ်သွားနိုင်တဲ့ အခြေအနေကို ကြုံတွေ့ခဲ့ရပါတယ်။ သူမ စိတ်သာ ခိုင်မာလို့သာ အနုပညာ လုပ်ငန်း ဆက်လက်လုပ်ကိုင်နိုင်တာပါ။ သူမအတွက် ၂၀၁၆ ဟာ ကံကောင်းတဲ့ နှစ်မဟုတ်ဘူးလို့ပြောခဲ့ပါသေးတယ်။ ထက်ထက်ရေ အားတင်းထားပါနော်။ ထက်ထက်ကို ချစ်တဲ့ ပရိသတ်တွေအများကြီးရှိပါသေးတယ်။ ခွဲစိတ်မှု အောင်မြင်ပါစေ။

Source: 7days

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။