ပျောက်ဆုံးသွားတဲ့ အာဂျင်တီးနား ရေငုုပ်သင်္ဘော မှာ အမှုထမ်းတဲ့ ၄၄ ယောက်သော ၀န်ထမ်းတွေထဲမှာ အမျိုးသမီး အရာရှိတစ်ယောက် ပါ၀င်ပါတယ်။ သူမဟာ တိုင်းပြည်ရဲ့ ပထမဆုံး အမျိုးသမီး အရာရှိလည်းဖြစ်ပါတယ်။ သူမ နာမည်ကတော့ Eliana Maria Krawczyk ပါ။ ပြီးခဲ့တဲ့ အပတ် က ရေငုပ်သင်္ဘော ပျောက်ဆုံးမှုမှာ ပါ၀င်သွားခဲ့ပါတယ်။

ရေငုပ်သင်္ဘော ဟာ အာဂျင်တီးနား ကမ်းခြေ နဲ့ ၄၃၂ ကီလိုမီတာ၊ မိုင်ပေါင်း ၂၆၈ မိုင် အကွာ မှာရောက်ရှိနေခဲ့တာကို နောက်ဆုံးသိရှိခဲ့ရတာပါ။ မုန်တိုင်းတွေ ကျရောက်နေတာ ကြောင့် ရှာဖွေကယ်ဆယ်ရေးလုုပ်ဆောင်ရတာ ခက်ခဲနေပါတယ်။ သူမ တာဝန်မထမ်းဆောင်မီ သင်တန်းကျောင်းသူ ဘဝ မှာ တုန်းက သူမဟာ ရေတပ် ရေငုပ်သင်္ဘော အရာရှိ တစ်ယောက် ဖြစ်ချင်ခဲ့တာပါ လို့ ပြောကြားခဲ့ဖူးပါတယ်။ သူမ အိမ်မက်တွေ တော့ တကယ်ဖြစ်လာခဲ့ပါတယ်။

သို့သော်လည်း ကံဆိုးစွာပဲ ပျောက်ဆုံး ရေငုုပ်သင်္ဘော မှာ ပါသွားခဲ့ပါတယ်။ သူမဟာ အသက် ၃၅ နှစ်ရှိပါပြီ။ ၂၀၀၄ ခုနှစ်တုန်းက စပြီး ရေတပ်မှာ တာဝန်စတင်ထမ်းဆောင်ခဲ့တာပါ။ ၂၀၁၂ ခုနှစ်မှာ သင်တန်းပြီးဆုံးခဲ့ပြီး ပထမဆုံး ရေတပ်ရဲ့ ရေငုပ်သဘောင်္ အမျိုးသမီး အရာရှိ ဖြစ်လာခဲ့တာပါ။ သူမ အတွက် လုပ်ဖော်ကိုင်ဖက် ၀န်ထမ်းတွေ၊ မိသားစု တွေအားလုံးက စိတ်မကောင်းဖြစ်နေကြပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။