MBC နှင့် KBS ရုပ်သံဌာနနှစ်ခုရဲ့ဆန္ဒပြခြင်းအပြီးမှာတော့ MBC ရဲ့ဥက္ကဌဖြစ်သူ Kim Jang Gyeom ဟာဆိုရင်ရာထူးမှအထုတ်ပယ်ခံခဲ့ရပါတယ်။အဆိုပါဖြစ်ရပ်ရဲ့နောက်ဆက်တွဲအနေနဲ့ MBC နှင့် KBS ရုပ်သံဌာနနှစ်ခုဟာ နှစ်ကုန်မှာပေးလေ့ရှိတဲ့ဇာတ်လမ်းတွဲနှင့်ဖျော်ဖြေရေးဆုပေးပွဲကိုကျင်းပမည်မဟုတ်ကြောင်းကြေညာထားပါတယ်။

ထောင့်ပေါင်းစုံကနေစဉ်းစားဆုံးဖြတ်ထားခြင်းဖြစ်တဲ့အတွက် ဆုပေးပွဲကိုလုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ MBCမှတာဝန်ရှိသူတစ်ဦးကပြောကြားထားပါတယ်။ဆန္ဒပြခြင်းမှာလည်းဌာနမှုးတွေကပါ၀င်ခဲ့ကြသလိုသူတို့လက်အောက်ကဝန်ထမ်းတွေကလည်းအဆိုပါကိစ္စအတွက်ကြောင့်ပင်ပန်းနေကြပါတယ်။ဒါ့ကြောင့်နောက်နှစ်မှသာလျှင်သေချာအလေးပေးလုပ်ဆောင်မယ်ဟုပြောကြားထားပါတယ်။

KBSရုပ်သံဌာနမှာလည်း ဖျော်ဖြေရေးဆုပေးပွဲနှင့်သီချင်းပွဲတော်အားယခုနှစ်တွင်ကျင်းပရန်သေချာမဆုံးဖြတ်ရသေးဘူးလို့ပြောကြားထားပါတယ်။ဆန္ဒပြပွဲမှာလည်း KBSရုပ်သံဌာနရဲ့ variety ဌာနမှဌာနမှုးဆယ့်တစ်ယောက်ကပါ၀င်ခဲ့တာလည်းဖြစ်ပါတယ်။MBCရုပ်သံဌာနဟာဆိုရင်ဖြင့်လည်း နှစ်ကုန်ဆုပေးပွဲကိုကျင်းပ၁၉၈၅ခုနှစ်မှစတင်ကျင်းပလာခဲ့တာ ၃၂နှစ်နီးပါးရှိလာပြီဖြစ်ပြီး ယခုနှစ်မှသာလျှင် ဆုပေးရန်မပြုလုပ်ခြင်းဖြစ်ပါတယ်။

Source – soompi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။