ရခိုင်ပြည်နယ်၊မောင်တောဒေသတွင်ဖြစ်ပွားခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုများကြောင့်ထွက်ပြေးတိမ်းရှောင်သူဒေသခံပြည်သူများအတွက်အလှူငွေကျပ်သိန်းနှစ်သောင်းရှစ်ထောင်ကျော်ရရှိတယ်လို့သိရပါတယ်။တပ်မတော်မှလွှဲပို့ငွေကျပ်သိန်းနှစ်သောင်းကျော်(၂,၀၃၆,၇၄၃,၈၄၇)နှင့်အလှူရှင်များမှလှူငွေကျပ်သိန်းရှစ်ထောင်နီးပါး(၇၇၉,၂၁၃,၈၀၄)စုစုပေါင်းကျပ်သိန်းနှစ်သောင်းရှစ်ထောင်ကျော်ကိုရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလက်ခံရရှိခဲ့တာဖြစ်တယ်လို့ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်ရေးသားခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာတော့စစ်ဘေးရှောင်ဒေသခံပြည်သူများလိုအပ်တဲ့နေရာတွေမှာအသုံးပြုရန်အတွက်ကျပ်သိန်းတစ်သောင်းကျော်ထုတ်ယူထားတယ်လို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကသတင်းထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။

အလှူရှင်များက ရခိုင်ပြည် နယ်အစိုးရအဖွဲ့သို့ လှူဒါန်းထား သည့် စားနပ်ရိက္ခာပစ္စည်းစာရင်း အသေးစိတ်ကိုလည်း ထုတ်ပြန်ခဲ့ရာ ဆန်၊ ဆီ၊ ဆေးပစ္စည်း၊ မီးဖိုချောင်သုံး ပစ္စည်း၊ အဝတ်အ ထည်၊ ခြင်ထောင်၊ စားသောက် ကုန်နှင့် ဗလာစာအုပ်များ ပါဝင်တယ်လို့သိရပါတယ်။ ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်းထမ်းဆောင်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန် ထမ်းများ၊ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အ ကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ကြောင့် နေရပ်စွန့်ခွာတိမ်းရှောင် နေရသည့် ဒေသခံပြည်သူများနှင့် နယ်စပ်ခြံစည်းရိုးကာရံရန်တပ်မတော်က အလှူငွေလက်ခံခဲ့တာပဲဖြစ်ပါတယ်။

နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ ရခိုင်ပြည်နယ်အတွင်း လူ သားချင်း စာနာမှု အကူအညီအ ထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးများ ပါဝင်သော ပြည်ထောင်စုစီမံကိန်း (UEHRD)အတွက်လည်း အလှူ ရှင်များက လှူဒါန်းထားရာ အောက်တိုဘာအတွင်း ကျပ်သိန်း တစ်သိန်းခုနစ်သောင်းကျော် ရရှိ ထားတာပဲဖြစ်ပါတယ်။မောင်တောဒေသ ပြန်လည် တည်ဆောက်ရေးအတွက် ထပ်မံ လှူဒါန်းလိုသော စီးပွားရေးလုပ် ငန်းရှင်များဟာ ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေး သိန်း၊ ဖုန်း- ၀၉-၄၅၉၀၀၆၀၀၆ ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ရခိုင်ပြည်နယ် အစိုးရက သတင်းထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ် -7 Day 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။