၀တ်မှုန်ရွှေရည် ဆိုတာ ထိပ်တန်းမင်းသမီးစာရင်းဝင်တဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေရရှိထားတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။

ကစ် လို့ ပရိသတ်တွေချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး ၀တ်မှုန်ရွှေရည်တစ်ယောက် လက်ရှိမှာရေနံခောျင်းမှာ ရိုက်ကူးရေးအတွက် ရောက်ရှိနေတာပါ။

ရှုတင်နားချိန်မှာတော့ ကစ် ဟာ သူမရဲ့ ချစ်ပရိသတ်တွေနဲ့ အမှတ်တရဓာတ်ပုံလေးတွေရိုက်ခဲ့ပါတယ်။

ချစ်စရာကောင်းပြီး မာန်မာနမရှိတဲ့ သူမရဲ့ ဟန်ပန်လေးတွေကြောင့် အနယ်နယ်ရပ်ရပ်က ပရိသတ်တွေအသဲစွဲဖြစ်နေတာပါ။

အကယ်ဒမီရရှိထားပြီးသားဖြစ်တဲ့ သူမကို ယခုနှစ်မှာ အကယ်ဒမီထပ်ရဖို့လည်း ပရိသတ်အချို့က မျှော်လင့်ထားကြပါတယ်။

၀တ်မှုန်ရွှေရည် ဟာ ကြော်ငြာဘုရင်မလို့ တင်စားခံရပြီး ဖက်ရှင်ပိုင်းမှာလည်း စမတ်ကျကျဝတ်စားတတ်သူဖြစ်ပါတယ်။

ကစ်နဲ့ ပရိသတ်တွေ ပျော်ပျော်ပါးပါးရိုက်ထားတဲ့ပုံလေးတွေကြည့်ရင်း အပျော်တွေကူးစက်မယ်လို့မျှော်လင့်ပါတယ်

Source : Wutt Hmone Shwe Yi fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။