သမ္မတဒေါ်နယ်ထရမ့်ဟာသူ့ရဲ့Thanksgivingကျေးဇူးတော်နေ့အားလပ်ရက် မစတင်မီသမ္မတရဲ့နောက်ဆုံးလုပ်ဆောင်ချက်အဖြစ်အင်္ဂါနေ့ကကြက်ဆင်တကောင်ကိုဘေးမဲ့ ပေးလိုက်ပါတယ်။သမ္မတအိမ်ဖြူတော်ရဲ့ နှင်းဆီ ဥယျာဉ် အတွင်းမှာ သမ္မတကတော် Melania Trump၊ အသက် ၁၁ နှစ်အရွယ် သား ဖြစ်သူ Barron တိုနဲ့အတူ Drumstick လို့ အမည်ပေးထားတဲ့ ကြက်ဆင်ကို ဘေးမဲ့ လွှတ်လိုက်ပါတယ်။၄၇ ပေါင် အလေးချိန်ရှိတဲ့ Drumstick ဟာ အတောင်ပံ အဖြားစွန်းအထိ၁၅၂စင်တီမီတာ ရှည်လျှားပြီး ကလေးငယ်တယောက် ငိုလိုက်ချိန်မှာ လိုက်အော်တာကလွဲလို့ ငြိမ်သက်နေပါတယ်။

"Wishbone" နဲ့ "Drumstick" လို့အမည်ပေးထားတဲ့၆လသားအရွယ်ကြက်ဆင်၂ ကောင်ထဲက ဘယ်ကောင်ကို သမ္မတ က အရင် လွှတ်ပေးရမယ် ဆိုတာကို လူထုဆန္ဒ ကောက်ခံခဲ့တာ ဖြစ်ပါတယ်။တွီတာ လူမှုကွန်ယက်ကတဆင့် လူပေါင်း ၄ သောင်းက မဲပေးရွေးချယ်ခဲ့ကြရာမှာ "Drumstick"က၆၀ရာခိုင်နှုန်းမဲရရှိခဲ့ပါတယ်။လွန်ခဲ့တဲ့ရာစုနှစ်တခုကျော်ကတည်းက ကျေးဇူးတော်နေ့မတိုင်မီအိမ်ဖြူတော်ထံ ကြက်ဆင်တွေကို တခမ်းတနားနဲ့ ပေးပို့ခဲ့ကြတာ ဖြစ်ပြီး နှစ်ပေါင်းအများစုမှာ ညစာချက်ပြီး သုံးဆောင်ခဲ့ကြပါတယ်။

ဒါပေမဲ့ သမ္မတ John F Kennedy လက်ထက် ၁၉၆၃ ခုနှစ်မှာတော့ Good Eating Mr. President စာတန်းကို လည်ပင်းမှာ ချိတ်ဆွဲထားတဲ့ကြက်ဆင်တကောင်ကို ဘေးမဲ့ပေးဖို့သမ္မတကဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။၁၉၈၉ခုသမ္မတGeorgeHWBushလက်ထက်မှာတော့ ကျေးဇူးတော်နေ့အထိမ်းအမှတ်အဖြစ် ကြက်ဆင်တကောင်ကို ဘေးမဲ့ ပေးတဲ့ အစဉ်အလာ ဖြစ်ခဲ့ပါတယ်။ဒီနှစ်မှာ Drumstick ကို သမ္မတက ဘေးမဲ့ပေးခဲ့ပေမဲ့ ကျန်တဲ့ Wishbone အနေနဲ့လည်း အသတ်ခံရမှာ မဟုတ်ဘဲ အရင်က ဘေးမဲ့ ပေးခဲ့တဲ့ Virginia ပြည်နယ် Polytechnic တက္ကသိုလ်ရှိ ကြက်ဆင်မွေးမြူခြံကို ပို့ဆောင်ခံရမှာ ဖြစ်ပါတယ်။

Source – VOA News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။