မြန်မာပြည်ရဲ့နာမည်ကျော်အလှဖန်တီးရှင် မိတ်ကပ်ဆရာမတစ်ဦးဖြစ်တဲ့ ခင်စန်းဝင်းဟာ သူမရဲ့မျက်နှာသွင်ပြင်နဲ့ပက်သက်လို့ ပိုမိုလှပသွားအောင် ခွဲစိတ်မှုတွေလုပ်ဖြစ်မှာမဟုတ် ဘူးလို့ဆိုပါတယ်။ သူမဟာဆယ်စုနှစ်ကျော်ကြာအောင်မြင်လာခဲ့တာဖြစ်ပြီး ပရိတ်သတ် လက်ခံတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပြီး သူမကိုလက်ခံအားပေးတဲ့ ပရိတ်သတ်တွေ လည်းအများအပြား ရှိနေကြပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေက သူမရဲ့အချစ်ရေးနဲ့ပက်သက်လို့ ပြဿနာတွေဖြစ်ခဲ့ရပေမယ့် လက်ရှိမှာတော့ သူမက ဘဝကို တည်တည်ငြိမ်ငြိမ် အောင်  အောင်မြင်မြင်နဲ့ ဖြတ်သန်းနေတဲ့ အမျိုးသမီးတစ်ဦးအဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။

မိန်းမဘဝကိုအပြည့်အဝလိုချင်ပြီး တသက်လုံးဒီမိန်းမဘဝနဲ့ပဲနေသွားမယ်လို့ဆုံးဖြတ်ပြီး ခွဲစိပ် ပြုပြင်မှုတွေ လုပ်တဲ့သူတွေကို သူမကအားပေးပါတယ်လို့ဆိုပါတယ်။ အဓိကကလူတိုင်းနဲ့ အဆင်ပြေပြေပေါင်းသင်းဆက်ဆံနိုင်ဖို့ပဲလို့်ဆိုပါတယ်။ မိန်းမလျာတွေချည်းပဲနေတဲ့လောက မဟုတ်လို့ ရှိသမျှ ယောကျာ်း မိန်းမ အားလုံးနဲ့တည့်အောင်အဆင်ပြေအောင်နေသင့်တယ် လို့သူမက Interview တစ်ခုမှာဖြေကြားထားပါသေးတယ်။အသက်အရွယ်အရ ရုပ်ပိုင်းဆိုင် ရာချို့ယွင်းမှုတွေရှိလာပေမယ့် လည်း သူမအနေနဲ့ သူမရဲ့လက်ရှိမျက်နှာကို ပိုမိုနုပျိုသွား အောင် ခွဲစိပ်မှုတွေ လုပ်ဖြစ်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။

မိမွေးတိုင်းဖမွေးတိုင်း ရုပ်ရည်လေးကိုပဲသဘောကျတယ်လို့လည်းဆိုပါ တယ်။ အသက်အ ရွယ်အိုမင်း လာခြင်းကို ဘယ်သူမှရှောင်လွှဲလို့မရတာကြောင့် သူမကပြင်ဖို့ကို စိတ်မကူး ဘူးလို့လည်းဆိုပါတယ်။ အဖေအမေပေးခဲ့တဲ့မျက်နှာပြောင်းလဲသွားမှာကိုလည်း မလိုလား ဘူးလို့ဆိုပါတယ်။ အရေးအကြောင်းလေးတွေကိုတော့ ပြုပြင်ထိန်းသိမ်းတာတွေ လုပ်ဖြစ်တယ် လို့ဆိုပါတယ်။ ပရိတ်သတ်က သူမရဲ့နဂိုရိုးသားတဲ့ ပုံကိုသဘောကျတာဖြစ်လို့ ပရိတ်သတ် တွေသဘောကျနေတဲ့ ရိုးသားတဲ့ပုံစံလေး ကို ပြောင်းလဲမပစ်ချင်ဘူးလို့ သူမကဆိုပါတယ်။ ဘယ်လိုပုံစံပဲဖြစ်ဖြစ် မကြီးစန်းဆိုတာ ပရိတ်သတ် တွေချစ်ပြီးသားပါလို့။

Source from Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။