မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းတစ်ယောက်ကတော့ လောကကြီးမှာနေရတာ ပိုပြီးပျော်လာတယ်လို့ ပြောလာပါတယ်..။

အရင်က အပေါင်းအသင်းမရှိသလို ချစ်သူခင်သူတွေလည်း မရှိဘူးလို့ ထင်ပြီး ကိုယ့်ကိုယ် အားငယ်ခဲ့တဲ့ စိတ်တွေလည်း မရှိတော့ဘူးလို့ ဆိုပါတယ်..။

သူမရဲ့ မင်္ဂလာပွဲကြောင့် ကိုယ့်ကိုချစ်ပြီး ပံ့ပိုးပေးတဲ့ သူတွေအများကြီး ရှိပါလားဆိုပြီးတော့လည်း သိလိုက်ရတယ်လို့ သူမက ဆိုပါတယ်..။

သူမကို ချစ်ခင်ပေးကြတဲ့အတွက် သူမအနေနဲ့ အရမ်းပျော်ရပြီး ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းများ အားလုံးကိုလည်း အရာအားလုံးအတွ ကျေးဇူးတင်ကြောင်းကိုလည်း ပြောထားပါတယ်..။

မင်္ဂလာပွဲကြောင့် သူမကို ချစ်ခင်ပြီး ပံ့ပိုးပေးတဲ့ လူတွေအများကြီးရှိလို့ ပျော်ရွှင်ရတဲ့အကြောင်းကို မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းက သူမ အသုံးပြုတဲ့ fb စာမျက်နှာမှာ အခုလို ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

“မင်္ဂလာပွဲကြောင့် ကိုယ့်ကိုချစ်ပီးပံ့ပိုးပေးတဲ့သူတွေအများကြီးရှိပါလားလို့သိလိုက်ရတယ်..။

အရင်ကဆို ငါကအပေါင်းအသင်းလဲမရှိဘူး ချစ်သူခင်သူလဲမရှိဘူးလို့ ထင်ပီး အားငယ်ခဲ့မိတာ ခုတော့ လူ့လောကကြီးမှာ နေရတာပိုပီးနေပျော်လာတယ်..။

အရာအားလုံးတွက်ဆွေမျိုးမိတ်ဆွေသူငယ်ချင်းများကိုကျေးဇူးအများကြီးတင်ပါတယ်..” ဆိုပြီး ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းဟာ မကြာမီရက်ပိုင်းအတွင်းမှာပဲ မင်္ဂလာလက်ထက်ပွဲကို ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၉)ရက်နေ့က ငွေဆောင်ကမ်းခြေမှာ မင်္ဂလာလက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ(၁၈)ရက်နေ့ နံနက်ပိုင်းမှာတော့ သင်္ကန်းကျွန်းမြို့နယ်ရှိ ကံ့ကော်မြိုင်သာသနာ့ရိပ်သာ ဘုန်းကြီးကျောင်းမှာ မင်္ဂလာဦးဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

လက်ထက်ပွဲကို လာမယ့်နိုဝင်ဘာ(၂၆)ရက်နေ့မှာ ဆီဒိုးနားဟိုတယ်မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး မင်္ဂလာညစာ စားပွဲကိုတော့ နိုဝင်ဘာ(၂၇)ရက်နေ့ညမှာ အင်ယားလိပ်ဟိုတယ်မှာ ပြုလုပ်ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

နန်းမြတ်ကတော့ သူမအနေနဲ့ အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်..။

မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းဟာ သရုပ်ဆောင်မင်းသမီးအဖြစ် ပရိသတ်တွေရဲ့ အသိအမှတ်ပြုခြင်းကို ရရှိပိုင်ဆိုင်ထားပြီး ဂီတဘက်မှာလည်း တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ် အားပေးမှုတွေကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်..။

Source - နန်းမြတ်ဖြိုးသင်း fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။