ပြည်သူ့အသည်းကျော်ကြီးဖြစ်တဲ့ သရုပ်ဆောင်အေးဝတ်ရည်သောင်းဟာဆိုရင် လက်ရှိမှာ ကလေးမြို့ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ ထုံးစံအတိုင်း သူမရဲ့နန်းဆန်တဲ့အလှအပတွေ ကို Facebook ပေါ်က သူမရဲ့ပရိတ်သတ်တွေအတွက် မျှဝေခဲ့တာပဲဖြစ်ပါတယ်။ အနုပညာ လောကထဲမှာ နှင်းဝတ်ရည်သောင်းနဲ့ အေးဝတ်ရည်သောင်းဆိုပြီး ညီမနှစ်ယောက် အတူ တူ ပါဝင်ကြိုးစားခဲ့ပြီး အချိန်တစ်ခုထိ အနုပညာအလုပ်တွေကို ရပ်တန့်ထားပြီး အခုလို ပရိတ် သတ်နဲ့ ပြန်လည်တွေ့ဆုံတဲ့အချိန်မှာတော့ သူမက အသက်သုံးဆယ်ကျော်အရွယ်ရင့်ကျက် တဲ့အလှတွေကို ပိုင်ဆိုင်ထားတဲ့ မအေးသောင်းအဖြစ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

သူမဟာလက်ရှိမှာတော့ အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်နေတာ ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားအများအပြားကိုလည်း လက်ခံရိုက်ကူးနေသူတစ်ဦးပဲဖြစ်ပါတယ်။ ပရိတ်သတ် တွေကလည်း တခဲနက်ဝန်းရံကြပြီး မင်းသမီးရဲ့ တကျော့ပြန် အနုပညာခရီးလမ်း ကအရမ်းကို လှပနေခဲ့ပါတယ်။ အမဖြစ်သူ နှင်းဝတ်ရည်သောင်းကတော့ UK မှာအလုပ် အကိုင်အတည်တကျနဲ့ အဆင်ပြေပြေဖြတ်သန်းနေတယ်လို့သိရပါတယ်။ သူမကတော့ဝါသ နာပါရာ အနုပညာလမ်းကြောင်း ပေါ်မှာ အောင်မြင်မှုတစ်ခုကို မြဲမြံ့စွာဆုပ်ကိုင်ထားနိုင်ပြီ ဖြစ်ပါတယ်။

သူမဟာ ကလေးမြို့ကိုရောက်ရှိနေတာဖြစ်ပြီး ကလေးမြို့က ပန်းကလေးတွေနဲ့ သူမနဲ့အလှ ချင်းပြိုင် နေတဲ့ အလှဓာတ်ပုံအချို့ကိုလည်း ကလေးမြို့ရဲ့ လမ်းဘေးကအပင်လေးတွေတော င်လှတယ် ဆိုပြီး သူမရဲ့ပန်းရောင်မြန်မာဝတ်စုံလေးနဲ့ တွဲဖက်ပြီး တင်ထားတာဖြစ်ပါတယ်။ မအေးသောင်းတို့ကတော့ ဘယ်အချိန်ကြည့်ကြည့်လှနေတာဖြစ်လို့ သူမရဲ့အလှကို အထူး တလည်စာမဖွဲ့တော့ပါဘူးနော်။ ကျက်သရေရှိပြီး တည်ငြိမ်တဲ့အလှတရားကိုပိုင်ဆိုင်ထား တဲ့ မင်းသမီး အေးဝတ်ရည်သောင်းရဲ့ အလှတွေကို ပရိတ်သတ်ကြီးတွေ့မြင်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။