Millie Bobby Brown က Netflix ဇာတ်လမ်းတွဲ Stranger Things မှာ အရာဝတ္ထုတွေကို စိတ်စွမ်းအားနှင့် ရွေ့လျားနိုင်တဲ့ Eleven အဖြစ် သရုပ်ဆောင်ရင်းနာမည်ကျော်ကြားလာတာ ဖြစ်ပေမယ့် Logan ဇာတ်ကားမှာ X-23 အဖြစ်ပါဝင်ဖို့ လူရွေးပွဲဝင်ခဲ့ကြောင်း မင်းသမီးလေးက ဖော်ပြခဲ့ပါတယ်။“ကျွန်မ လူရွေးပွဲဝင်ခဲ့တယ်။ အဲ့ဒါက ကျွန်မအတွက် အရမ်းအရေးကြီးတယ်။ ကျွန်မက Stranger Things ရိုက်ကူးရေးလုပ်နေတာ။ ‘ဒါက အရမ်းကောင်းမှာပဲ။ ငါတကယ် သေချာပြင်ဆင်ထားရမယ်’ လို့ တွေးပြီး အခန်းထဲမှာ စာသားတွေ ထိုင်ဖတ်နေမိတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် လူရွေးတဲ့အခန်းထဲမှာဒါရိုက်တာJamesMangoldရှေ့တည့်တည့်မှာထိုင်ပြီးHughJackmanကိုရိုက်နှက်ရတာတကယ့်ကိုသရုပ်ဆောင်ကြီးတစ်ယောက်လို ခံစားမိတယ်” လို့ Brown က လူရွေးပွဲအကြောင်းကို Variety အတွက် အင်တာဗျူးမှာ Evan Rachel Wood ကို ပြောပြခဲ့ပါတယ်။

နောက်ဆုံးမှာ ဒီဇာတ်ကောင်ကို သရုပ်ဆောင်သစ် Dafne Keen က ရသွားပေမယ့် Brown က ဒါကို သူ့ရဲ့ “အကောင်းဆုံး လူရွေးပွဲ” လို့ အမည်တပ်ခဲ့ပါတယ်။ လတ်တလောမှာ Eleven နှင့် Laura တို့ ၂ ယောက်လုံးက နှုတ်ဆိတ်နေတတ်တဲ့ စွမ်းအားရှင်လေးတွေဖြစ်တာကြောင့် နှိုင်းယှဉ်မှုတွေလည်း ပြုလုပ်ခံခဲ့ရပါတယ်။Keen နှင့် တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Patrick Stewart က “သူက ဇာတ်ဝင်ခန်းတစ်ခုကို သရုပ်ဆောင်နေတာ အဲ့ဒါက အရမ်းအရမ်းကောင်းတယ်။ နောက်တော့ ဗီဒီယိုထဲမှာ သူက ဒါရိုက်တာကို မေးတယ် ဒီဇာတ်ဝင်ခန်းကို လက်တန်းသရုပ်ဆောင်လို့ရမလားတဲ့။ ပြီးတော့ ဒီဇာတ်ဝင်ခန်းကို သူ့ကိုယ်ပိုင်ပုံစံနဲ့ စပိန်စကားနဲ့ အင်္ဂလိပ်စကားကို ရောနှောပြီး ပြောခဲ့တယ်။ ဒါကတော့ ကျွန်တော့်တစ်သက်မှာ မြင်ဖူးတဲ့ အထူးခြားဆုံး လူရွေးပွဲဝင်တဲ့ တိတ်ခွေပါပဲ” လို့ Mangold ဆီက တွေ့ရတဲ့ လူရွေးပွဲဝင်တဲ့ တိတ်ခွေအကြောင်းကို ပြောပြခဲ့ပါတယ်။

Brown ကလည်း သူ့အလုပ်တွေနှင့်သူ ရှိနေပါတယ်။ Stranger Things season 2 မှာ ပြန်လည်ပါဝင်မှာဖြစ်ပြီး Godzillaဇာတ်လမ်းအဆက်ဖြစ်တဲ့Godzilla:King of the Monsters ဇာတ်ကားမှာလည်းပါဝင်မှာဖြစ်ပါတယ်။“သူပြန်ပါလာမယ်ဆိုတာ လူတွေကို သိစေချင်ပါတယ်။ ဒီ season မှာ သူက အဓိကဖြစ်ပြီး ဘယ်လိုဖြစ်တယ် ဘာကြောင့်ဖြစ်တယ်ဆိုတာတော့ မသိပါဘူး။ သူ့ရဲ့ ဇာတ်ကြောင်းနဲ့ နောက်ခံဇာတ်ကြောင်းကို သိရမယ်။ သူက ဘယ်ကလာတယ်၊ ဒီကမ္ဘာထဲကို ဘယ်လိုရောက်လာတယ်၊ ရလဒ်က သူဖြစ်လာတဲ့ ပရိုဂရမ်အကြောင်းကို သိရမယ်” လို့ Stranger Things co-creator Matt Duffer က EW ကို Eleven ပြန်ပါလာတဲ့အကြောင်းနှင့်ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

Source – ThitHtooLwin / EW 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။