နှစ်စဉ်နှစ်တိုင်း Thai TV3 ရုပ်သံ က ပြက္ခဒိန်ထုတ်ဝေလေ့ရှိပါတယ်။ နာမည်ကျော်မင်းသား၊မင်းသမီးတွေ နဲ့ ရိုက်ကူးပြီး ပရိသတ်တွေ အတွက် ဓာတ်ပုံ ပြက္ခဒိန် ထုတ်ဝေနေကြပါ။ အခုတော့ ၂၀၁၈ ခုနှစ် Thai TV3 ရုပ်သံ ရဲ့ ဓာတ်ပုံ ပြက္ခဒိန် အတွက် ဓာတ်ပုံရိုက်ကူးမှုတွေပြုလုပ်ခဲ့ပါတယ်။ ရိုက်ကူးထားတဲ့ ရှုခင်းတွေကလည်း အရမ်းကို လှပပါတယ်။

၂၀၁၈ ခုနှစ် Thai TV3 ရုပ်သံ ရဲ့ ဓာတ်ပုံ ပြက္ခဒိန် အတွက် ဓာတ်ပုံရိုက်ကူးဖို့ မင်းသား နဲ့ မင်းသမီး အယောက်ပေါင်း ၅၀ လောက်ပါ၀င်ထားပါတယ်။ နာမည်ကျော် မင်းသား Mario အပါအဝင် Kimmy Kimberley, Janie Thienphosuwan, Ken Theeradeth, Rita Sririta, Anne Thongprasom, Ken Phupoom, James Ma, Nadech Kugimiya, Yaya Urassaya, Mark Prin, James Jirayu, Taew Natapohn, Bella Ranee, Pope Thanawat, Kao Supassara, Mew Nittha, Alek Theeradeth, Alex Rendell, Louis Scott, Bomb Thanin တို့ပါ၀င်ပါတယ်။

၂၀၁၈ ခုနှစ် Thai TV3 ရုပ်သံ ရဲ့ ဓာတ်ပုံ ပြက္ခဒိန် မှာ အရမး်ကို လှပတဲ့ ရှုခင်းလေးတွေ နဲ့ တွဲဖက်ပြီး ရိုက်ကူးထားတဲ့ အပြင် ဆန်းသစ်တဲ့အမြင် နဲ့ တိုင်းရင်းသား ၀တ်စုံလေးတွေ နဲ့ ကလေးငယ်လေးတွေပါ ပါ၀င် ရိုက်ကူးထားပါတယ်။ ဒါ့ကြောင့် နောက်နှစ်မှာ ပရိသတ်တွေ အားပေးမှု ရရှိဦးမယ့် ဓာတ်ပုံ ပြက္ခဒိန် လေးဖြစ်မှာပါ။

Source: Thai Entertainment News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။