အမေရိကန်နိုင်ငံ စတစ်ကာကုမ္ပဏီတခုဟာ ကမ္ဘာ့အကြီးဆုံး စတစ်ကာဘောလုံးကိုဖန်တီးခဲ့ပါတယ်။ထိုကုမ္ပဏီရဲ့ စီးအီးအို နဲ့သူ့ရဲ့အဖွဲ့ဝင်များဖန်တီးထားတဲ့ အဆိုပါဧရာမ စတစ်ကာဘောလုံးကြီးဟာ ၂၀၁၈ခုနှစ်အတွက် ဂင်းနစ်မှတ်တမ်းစာအုပ်ထဲမှာ ပါ၀င်သွားခဲ့ပီပဲဖြစ်ပါတယ်။ယင်းစတစ်ကာဘောလုံးကြီးကိုဖန်တီးရာတွင် စတစ်ကာပေါင်း ၂၀၀၀၀၀ ၀န်းကျင်အသုံးပြုထားပီး အလေးချိန်မှာ ၂၃၁ပေါင်လောက်ရှိပါတယ်။

ဘောလုံးကြီးရဲ့အမည်ကို Saulလို့အမည်ပေးထားပီး လက်ရှိမှာလည်း ၂၃၁ပေါင်ထက်ပိုလေးလာတယ်လို့သိရပါတယ်။ယခုလိုအလေးချိန်ကြီးမားတဲ့စတစ်ကာဘောလုံးကြီးကိုသယ်ဆောင်ဖို့အတွက်ဖော့ကလစ်ယာဉ်တစ်စီးနဲ့အထူးပြုလုပ်ထားတဲ့ကိရိယာတွေလိုအပ်မှာပဲဖြစ်ပါတယ်။

ဘောလုံးကြီးကိုဖန်တီးရာတွင်အသုံးပြုခဲ့သည့်စတစ်ကာများမှာလည်း ရယ်မောပျော်ရွှင်ဖွယ်ရာ စတစ်ကာများဖြင့် ဖန်တီးထားခဲ့သည်လို့သိရပါတယ်။

ထိုစတစ်ကာများဖြင့်ပြုလုပ်ထားတဲ့ ဘောလုံးကြီးဟာ ကြည့်ရှုသူများကို အံ့သြပျော်ရွှင်မှုတွေပေးစွမ်းနိုင်မှာပဲဖြစ်ပါတယ်။ဒီဘောလုံးကြီးကိုဖန်တီးခဲ့တဲ့ Sticker Giant Company မှ စီအီးအို ဂျွန်ဖစ်ချာကတော့ သူ့အနေနဲ့ စတစ်ကာတွေကိုချစ်မြတ်နိုးတာကြောင့် ထိုဘောလုံးကြီးကို ဖန်တီးခဲ့တာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။

Source: Wow Box , Internet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။