မျက်နှာ အသားအရေ ကြည်လင်ဝင်းပ ဖို့နှင့် အသားအရေ စိုပြေစေဖို့အတွက် ဆန်မှုန်နဲ့ ပြုလုပ်လို့ ရနိုင်တဲ့ တိုနာနှင့် ပေါင်းတင်ဆေး ကို ဖော်ပြပေးလိုက်ပါတယ်။ chemical တွေ မပါဘဲ သဘာဝ နည်းလမ်းလေး ဖြစ်တာမို့ အသားအရေတိုင်းအတွက် သင့်တော်ပါတယ်။ လွယ်ကူရိုးရှင်းပြီး မိန်းကလေးရော ယောကျင်္ားလေးပါ ပြုလုပ်နိုင်တာမို့ စမ်းကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ 

ဆန်မှုန့်တိုနာ

ဆန်မှုန့်တိုနာက ဝက်ခြံ၊ အမာရွတ် နေလောင်ကွက်တွေပျောက်ကင်းစေတယ်။ sensitive ဖြစ်တဲ့အသားရေနဲ့ သင့်တော်ပါတယ်။ အဆီပြန်တဲ့အသားရေအတွက် ကောင်းမွန်ပြီး လူတိုင်းနဲ့လည်း သင့်တော်ပါတယ်။

လိုအပ်သော ပစ္စည်းများနှင့် ပြုလုပ်နည်း

• ဆန်မှုန့်(၄) ဇွန်း

• ရှောက်ရည် (၃)ဇွန်း

ဆန်မှုန့်အနည်းငယ်က်ို ယူပြီး ရေထဲသို့ ညလုံးပေါက်စိမ်ထားပါ။ (ဆန်မှုန့်သုံးရင် အစိမ်းသာသုံးပါ။) နောက်ရက်မှာ ဆန်ရေကို သီးသန့်စစ်ပြီး ပန်းကန်တခုထဲထည့်ပါ။ ဆန်ရေထဲကို ရှောက်ရည်ညှစ်ထည့်ပါ။ အဆိုပါ အရည်ကို ဗူးတခုထဲထည့်ပြီး မျက်နှာကို ညစဉ်လိမ်းပေးပါ။ ဆန်ရေကို ဂွမ်းလုံးစနဲ့ စိမ်ပြီး မျက်နှာကို လိမ်းပါ။ ညစဉ်လိမ်းပြီး နာရီဝက်ခန့်ထားပါ။

ဆန်မှုန့်တိုနာက အသားအရေကို တင်းရင်းချောမွေ့စေတယ်။ အသားဖြူစေတယ်။ ပါးရေတွန့်တာကို သိသိသာသာ ကာကွယ်ပေးပါတယ်။ 

ဆန်မှုန့်မျက်နှာဖုံး

တင်းတိပ်၊နေလောင်၊ အမဲစက် အမာရွတ်အတွက် အကောင်းဆုံးနည်းတခုကတော ဆန်မှုန့်မျက်နှာဖုံးဖြစ်ပါတယ်။ ဒီနည်းက နေပူထဲအထွက်များသူတွေမှာ အထူးကောင်းမွန်ပြီး တင်းတိပ်တွေ၊ အမဲစက်တွေကို သိသိသာသာ သက်သာစေတယ်။ နေ့စဉ်ပြုလုပ်ရုံနဲ့ ကြည်လင်တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဆန်မှုန့်သဘောက နေလောင်တဲ့အသားအရေတွက် အထူးကောင်းမွန်တယ်။ အမဲစက်၊ အမဲကွက်ကို ပျောက်ကင်းစေတယ်။ အသားရေကို နဂိုတိုင်းပြန်ဖြစ်စေပြီး အရေပြားအရောင် ညီညာစေတယ်။အာရှအသားအရေနဲ့လည်း အထူးသင့်တော်တယ်။

လိုအပ်သောပစ္စည်းများနှင့် ပြုလုပ်နည်း

• ဆန်မှုန့် ထမင်းစားဇွန်း(၂) ဇွန်း

• ဒိန်ချဉ် ထမင်းစားဇွန်း (၂) ဇွန်း

• လိမ္မော်သီး (၂)စိတ်

• ပန်းသီး (၂) စိတ်

ပန်းသီးနဲ့ လိမ္မော်သီး (၂)စိတ်ကို ရောပြီး blender ထဲမှာ ထည့်ခြေပါ။ အစိတ်သေးလေးတွေလုပ်ပြီး လက်နဲ့ ခြေပေးလို့လည်း ရတယ်။ ပြီးရင် ဆန်မှုန့်နဲ့ ဒိန်ချဉ်ကို ထည့်ပါ။ ရလာတဲ့ အရေပျစ်ပျစ်ကို မျက်နှာပေါ်လိမ်းပါ။ ပြီးရင် နာရီဝက်ထားပြီး ကြက်သီးနွေးရည်နဲ့ မျက်နှာ ပြန်သစ်ပါ။ ညပိုင်းမအိပ်မှီလုပ်ပေးရုံနဲ့ ကြည်လင်တောက်ပပြီး တင်းရင်းတဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်စေမှာ ဖြစ်ပါတယ်။

ဗဟုသုတများ တိုးပွားစေရန်အတွက် သူငယ်ချင်း မိတ်ဆွေများထံလည်း မျှဝေပေးလိုက်ပါဦးနော်။ သာယာလှပသော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ရှင် ။

သတင်းအရင်းအမြစ် - ဒေါက်တာ အေးမင်းထူး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။