အနုပညာလမ်းကြောင်းပေါ်မှာနှစ်ပေါင်း(၂၀)ကျော်အောင်မြင်စွာဖြတ်သန်းခဲ့ရပြီးပရိသတ်အားပေးမှုအခိုင်အမာရရှိနေတယ့်သရုပ်ဆောင်နေထူးနိုင်ပဲဖြစ်ပါတယ်။မင်းသားချောနေထူးနိုင်ကတော့အက်ရှင်ဇာတ်ကားတွေကိုမှကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ပရိသတ်တွေရဲ့Idolတစ်ယောက်ဆိုရင်လဲမမှားနိုင်ပါဘူး။နေထူးနိုင်ဟာယခုလိုပရိသတ်အားပေးတဲ့သရုပ်ဆောင်တစ်ယောက်မဖြစ်ခင်ကြမ်းတမ်းစွာဖြတ်သန်းခဲ့ရတဲ့ဘဝရပ်တည်ခဲ့ရပုံကိုပြောပြခဲ့တာပဲဖြစ်ပါတယ်။အခက်ခဲများစွာနဲ့ရုန်းကန်ဖြတ်သန်းခဲ့ရတဲ့နေထူးနိုင်ရဲ့ဘဝဖြတ်သန်းရပ်တည်ခဲ့ရပုံတွေဟာလဲတကယ့်ကိုစိတ်ဝင်စားစရာပဲဖြစ်ပါတယ်။ 

ပရိသတ်အားပေးမှုမရခင်အချိန်မှာတော့နေထူးနိုင်ဟာရေနံ့ချောင်းမြို့လေးမှာနေထိုင်ခဲ့တာပဲဖြစ်ပြီးအဆင်မပြေမှုတွေနဲ့ရန်ကုန်ကိုရောက်လာတာပဲဖြစ်ပါတယ်။ရန်ကုန်ကိုရောက်လာခဲ့ပြီးနေထူးနိုင်ဟာကုမ္မဏီတစ်ခုမှာလုံခြုံရေးဂိတ်စောင့်ဘဝနဲ့ခက်ခဲပင်ပန်းစွာရပ်တည်ခဲ့ရတာပဲဖြစ်ပါတယ်။ထမင်းစားစရာမရှိလို့(၆)လလောက်ခေါင်ဆွဲပြုတ်ပဲသောက်ခဲ့ရပြီးနေ့ရက်တွေကိုဖြတ်သန်းခဲ့ရတယ်လို့ဆိုပါတယ်။တစ်ချို့နေ့ရက်တွေဆိုရင်ကားစီးဖို့ပိုက်ဆံ(၅)ကျပ်မရှိလို့လေးနာရီလောက်လမ်းလျာက်ခဲ့ရဖူးပါတယ်လို့ အမှတ်တရအနေနဲ့ကျွန်တော်တစ်ကယ့်ကို ခက်ခက်ခဲခဲနဲ့ကြိုးစားခဲ့ရတာလေးတွေပြန်ပြောပြတာဖြစ်တယ်လို့ဆိုပါတယ်။နေထူးနိုင်ဖြတ်သန်းခဲ့ရတဲ့ကြမ်းတမ်းတဲ့အခက်ခဲတွေနဲ့ကြိုးစားခဲ့ပုံတွေဟာတကယ်ကိုအံ့မခန်းပါပဲပရိသတ်ကြီးရေ။

နေထူးနိုင်အတွက်ကုမ္မဏီမှာအပေါက်စောင့်လုပ်ရင်းကနေသူဝါသနာပါတဲ့အနုပညာအလုပ်ကိုအကောင်အထည်ဖော်နိုင်ဖို့ကံကောင်းခြင်းတွေရောက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။တစ်နေ့မှာတော့နေထူးနိုင်အလုပ်လုပ်တဲ့ကုမ္မဏီမှာကြော်ငြာလာရိုက်တယ့် ဒါရိုက်တာကိုအောင်မင်းသိန်းနဲ့ရင်းနှီးသွားခဲ့တယ်လို့ဆိုပါတယ်။သူဝါသနာပါတယ့်အနုပညာအလုပ်ကို ဘယ်လိုစလုပ်ရမယ်ဆိုတာမေးပြီးကိုအောင်မင်းသိန်းနောက်ကိုလိုက်ကာအနုပညာအလုပ်တွေစတင်လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ပြောပါတယ်။ယခုလိုပရိသတ်အားပေးတဲ့မင်းသားတစ်ယောက်ဖြစ်လာအောင်ကူညီပေးခဲ့ကြတဲ့ဒါရိုက်တာဝင်းထွန်းထွန်း၊မိုးခြိန်းယံတို့ဟာကျွန်တော့်ရဲ့ကျေးဇူးရှင်တွေပါပဲလို့ဆိုပါတယ်။နောက်ထပ်ကူညီခဲ့ကြတဲ့သူတွေလဲအများကြီးရှိပါတယ်လို့ဖြတ်သန်းခဲ့ရတဲ့ဘဝစာမျက်နှာပေါ်ကအမှတ်တရတွေကိုပြောပြလိုက်တာပဲဖြစ်ပါတယ်။

Source - MC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။