မြန်မာပြည်မှာ ဘော်ဒီလှတဲ့ ရှားရှားပါးပါး မင်းသားတွေထဲကတစ်ယောက်လဲဖြစ်၊ ကလေးလေးယောက်အဖေ နိုင်းနိုင်းရဲ့ အက်ရှင်ဇာတ်ကားအသစ်ဟာ ဒုဋ္ဌဝတီကိုကျော်လွန်၍လို့ အမည်ရပါတယ်။ 

ဒီဇာတ်ကားထဲက ဇာတ်ဝင်ခန်းတစ်ချို့ကို ဇူလိုင်လအတွင်း ပြင်သစ်မှာ ငါးရက်ကြာ ရိုက်ကူးခဲ့ပြီးတော့ ဇာတ်ကားမှာ ရာခိုင်နှုန်းတော်တော်များများပြီးစီးနေပြီဖြစ်ကာ မကြာခင် ဇာနယ်ဇင်းတွေရှေ့ ဇာတ်ဝင်ခန်းအချို့ကို နမူနာပြသသွားမယ်လို့လဲ ဆိုပါတယ်။

" ဒီကားက အက်ရှင်ကားဖြစ်တဲ့အတွက် ရိုက်ရတာလဲ တော်တော်လေးပင်ပန်းပါတယ်။ တစ်ချို့ဇာတ်ဝင်ခန်းတွေ ရိုက်တုန်းကဆို ထိခိုက်ဒဏ်ရာတွေလဲရခဲ့ပါတယ်။ ဒါပေမယ့် ဇယတ်ကားမှာ ပါဝင်ထားတဲ့သူအကုန်လုံးက အခက်အခဲတွေကိုမမှုဘဲ ဇာတ်ကားကောင်းရဖို့အတွက်သာ စိတ်နှစ်ပြီး ကြိုးစားထားကြပါတယ်။ ရိုက်ပြီးသွားတဲ့ ဇာတ်ဝင်ခန်းတွေပြန်ကြည့်တာတော့ ကျေနပ်အားရပာတယ်။ "လို့ ဆိုပါတယ်။

ဆက်လက်ပြီး နိုင်းနိုင်းမှ ဒီဇာတ်ကားဟာ ပြည်တွင်းမှ လူငယ်အနုပညာသမားတွေ ပူးပေါင်းဖန်တီးထားတဲ့ကားမို့လို့ ပရိသတ်တွေ အားပေးစေချင်ကြောင်းလဲ ပြောကြားခဲ့ပါတယ်။

Source : the voice

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။